" ပြော ဘာကိစ္စလဲဒီတစ်ခါ "
" သူငယ်ချင်းအချင်းချင်း ငါကမင်းစီကိစ္စရှိမှဖုန်းဆက်ရမှာလား "
" တော်တော်အသည်းနှလုံးမရှိတဲ့ကောင် "" မင်းကကိစ္စမရှိရင် ငါ့ကိုဖုန်းဆက်ဖို့သတိရတဲ့ကောင်မို့လို့လား "
" ဟုတ်တာတော့ဟုတ်ပေမယ့်လည်း အဲ့လိုကြီးဒဲ့ပြောတော့ ရင်ဘက်ထဲကနာတာပေါ့ကွ "
တော်တော်လည်းမျက်နှာပြောင်နိုင်တဲ့ ကင်မ်ဂယူဘင်းပါပဲ။ ပြောစရာကိစ္စဆို ဟန်ယူဂျင်းဆိုတဲ့ကောင်လေးအကြောင်းကလွဲမရှိတဲ့ကင်မ်ဂယူဘင်းအတွက် ဒီတစ်ခါလဲဟန်ယူဂျင်းအကြောင်းပဲဖြစ်ရမည်။
" ယူဂျင်းလေးကစာမေးပွဲနီးပြီဆိုတော့ အားရှိအောင် မုန့်ဝယ်ကျွေးမလို့. ဒါပေမယ့် ဒီညငါ့ဂျူတီရှိနေလို့ အဲဒါမင်းသွားပေးပေးပါလား "
မပြောဘူးလား။ ဗေဒင်သွားမေးရင်တောင် လွဲနေအုံးမယ်။
" ဟ မင်းဟာမင်းကလေးမုန့်ပေးကြိုက်တဲ့ကိစ္စ ကို့ဟာကိုလုပ်ပါ့လား။ ဘာလို့ငါ့လာအကူအညီတောင်းနေတာလဲ "
" မင်းကလဲ မင်းလဲအားနေတာပဲဟာကို "
" ငါအားနေတယ်လို့မင်းကိုဘယ်သူပြောလည်း ငါ့မှာလည်းအလုပ်နဲ့အကိုင်နဲ့ "
" လုပ်ပါကွာ ဒီကမင်းသူငယ်ချင်းဆရာဝန်တစ်ယောက်လုံးက မင်းတစ်ခုခုဖြစ်ရင် ပိုက်ဆံတစ်ပြားမှမယူပဲကုပေးပါ့မယ် "
" ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ နိမိတ်မရှိတာတွေမပြောနဲ့ဟိတ်ကောင် သွားဆိုသွားပေးမယ် မုန့်သာဘယ်လာယူရမလည်းပြောလိုက် "
ဘဝပေးတာဝန်အရရန်ဖြစ်ပြီးပြီဆိုတော့လည်း ကြားထဲကပါရမီဖြည့်ပေးဖို့အတွက်သူ့စီမုန့်သွားယူရအုံးမယ်။ ရည်းစားရှိတဲ့သူတွေများပိုကိုပိုတယ်။
" ငါမင်းတို့ဆေးရုံရှေ့ရောက်ပြီ ထွက်ခဲ့တော့ "
" ငါမအားလို့ဝင်လာခဲ့လိုက်ပါလား အရှေ့ပဲရောက်နေပြီကိုကွာ နော် "
" နိုးနော်ကင်မ်ဂယူဘင်း ငါဆေးရုံနံ့တွေမုန်းတယ်ဆိုတာသိတယ်မလား ထွက်ခဲ့ "
YOU ARE READING
Give Love
FanfictionKim Ji Woong × Ricky Shen A story about calm and handsome doctor & chaotic and stubborn boy✨ Written in Burmese ✨