အေးချမ်းသည့်ရာသီဥတုမှာ သာယာငြိမ့်ညောင်းနေသည့်တေးသံနှင့်အတူ နွေးထွေးတဲ့လေထုကြောင့်သက်သာရှိနေသည့်ကော်ဖီဆိုင်တစ်ဆိုင်ထဲရောက်ရှိနေပေမယ့်လည်း မနက်အစောထတတ်တာကသူ့ပုံစံမဟုတ်တာကြောင့်မျက်လုံးတို့ကသိပ်မပွင့်ချင်။ စောင့်နေတဲ့လူသာမရောက်လာရင် အိမ်ပြန်အိပ်တော့ဖို့တွေးနေတုန်း ကြားလိုက်ရတဲ့ ဆိုင်တံခါးမှာချိတ်ထားတဲ့ဆည်းလည်းသံလေး။
ဟော လာပါပြီကျွန်တော့်ဘဝရဲ့ပဲ့ကိုင်ရှင်လေး။ သောက်စရာဆိုစတော်ဘယ်ရီမစ်နဲ့juiceတွေကလွဲပြီးမကြိုက်တတ်တဲ့သူက မနက်စောစောစီးစီးကော်ဖီဆိုင်ထဲရောက်နေရသည့်အကြောင်းအရင်းမှာ ကိုကိုကမနက်အစောဆိုအလုပ်မသွားခင် ဒီကော်ဖီဆိုင်မှာကော််ဖီဝင်သောက် အလုပ်ခဏလုပ်ပြီးမှ ဆေးရုံသွားတတ်သည်ဆိုသော သူ့အတွင်းရေးမှုးထံမှရလာသည့်သတင်းကြောင့်ပင် ။
အဟင်း ဆိုင်သူကမသိပေမယ့် စတွေ့သည့်နေ့ကတည်းက ကိုကိုဆိုသည့်နာမ်စားကိုအသုံးပြုလာခဲ့ခြင်းဖြစ်သည်။ကောင်တာမှာသောက်စရာမှာပြီးသည်နှင့် ဘေးဘီဝဲယာသို့ကြည့်နေသောကိုကို့ကိုသူမျက်မှန်အောက်မှမြင်နေရသည်။ အကြောင်းမှာပုံမှန်ဆိုလူသိပ်မကျတတ်ေသာဆိုင်တွင် ဒီနေ့မှထူးထူးခြားခြားတစ်ဆိုင်လုံးလူပြည့်နေခြင်းကြောင့် အံ့ဩနေပုံရသည် ။ ဒါမျိုးကဖြစ်တတ်တယ်မဟုတ်လား အဟင်း ။
ဆိုင်မှာလူပြည့်နေတော့သူတို့လဲအရင်ကထက်ပိုရောင်းရတာပေါ့ သူတို့အတွက်အကျိုးတောင်ရှိသေးတယ်မဟုတ်လား ။ဆိုင်ထဲမှာအတွဲတွေရယ် မိသားစုတစ်ချို့ရယ်နဲ့ပြည့်နေပြီး လွတ်တဲ့နေရာဆိုလို့သူထိုင်နေသည့် နှစ်ယောက်ထိုင်စရာစားပွဲတစ်ခုပဲရှိတော့သည်။
ဆိုင်ထဲလိုက်ကြည့်ရင်း နည်းနည်းစိတ်ရှုပ်သလိုဖြစ်နေတဲ့ကိုကို့မျက်နှာချောချောကိုကြည့်ရင်းသူ့မှာသဘောကျနေရသည်။ ထိုင်စရာမရှိလို့သူ့နေရာမှာလာထိုင်ရင်လည်းအမြတ်မဟုတ်လား။ မထိုင်ရင်လဲကိစ္စမရှိပါဘူး ကိုကိုဒီကိုလာတတ်တာသေချာသွားပြီဆိုတော့ နောက်လည်းမတော်တဆဆုံလို့ရသေးတာပဲလေ။" တစ်ဆိတ်လောက် ညီလေး အစ်ကိုဒီမှာထိုင်လို့ရမလားဟင် "
" ကျန်တဲ့နေရာတွေက ခုံတွေပြည့်နေလို့ပါ "
YOU ARE READING
Give Love
FanfictionKim Ji Woong × Ricky Shen A story about calm and handsome doctor & chaotic and stubborn boy✨ Written in Burmese ✨