ကော််ဖီဆိုင်ကမပြန်ခင် " နောက်ကျရင်လည်း ခဏခဏတွေ့ကြရအောင်နော် " လို့ပြောသွားခဲ့တဲ့ကောင်လေးကတစ်ကယ်ကို ခဏခဏတွေ့ရအောင် အကြောင်းပြချက်မျိုးစုံပြပြီး ဆေးရုံကိုချောင်းပေါက်မတတ်ရောက်လာခဲ့သည်မှာတစ်လပင်ကျော်ခဲ့ပြီ။
ဒီနေ့လည်း...
" ကိုကိုရေ ကျွန်တော်လာ- "
" ဒါကဘာလုပ်နေကြတာလည်း! "ရှေ့မှလူနာက ပြန်ခါနီးမှ ရင်တွေအရမ်းတုန်နေလို့နှလုံးခုန်နှုန်းစမ်းပေးပါဆိုပြီး အတင်းပြောလလာလို့ စိတ်ကျေနပ်အောင်ခနစမ်းသပ်ပေးနေရမှ ကြားလိုက်ရတဲ့အသံကြောင့် လက်ပါတန့်သွားရသည်။ ပုံမှန်အတိုင်း နားကျပ်နဲ့ပဲစမ်းသပ်ပေးနေတာပါ ရှေ့ကလူနာက သူနဲ့အသက်မတိမ်းမယိမ်းကောင်မလေးတစ်ယောက်ဖြစ်နေရုံပဲကို။
" ဟင် စမ်းသပ်နေတာလေ "
" ကျွန်တော်လုပ်ပေးမယ် "
" ရစ်ခီကဆရာဝန်မှမဟုတ်တာ "
" နားကျပ်လေးတပ်ပြီးနားထောင်တာတော့ကျွန်တော်လည်းလုပ်တတ်ပါတယ် "
" ဒါပေမယ့် နားထောင်ရုံနဲ့မှမရပဲ "
သူတို့နှစ်ယောက်အပြန်အလှန်ပြောနေကြတာကို အလယ်ကလူမှာ ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့်သာလုပ်နိုင်တော့သည်။
" လာမရစ်ပဲအပြင်မှာခဏထိုင်စောင့်နေပေးရစ်ခီ "
" ဟွန်း "
ပြောလိုက်တော့လဲ စကားနားထောင်ပြီးအပြင်ပြန်ထွက်သွားတဲ့ကောင်လေး။ ဟွန်းဆိုပြီး ရှေ့ကလူနာကို မျက်စောင်းထိုးသွားတာလေးကလွဲလို့ပေါ့။
......။
အခန်းထဲကလူနာထွက်သွားတာနဲ့ စက္ကန့်တောင်မခြားပဲ ဖွင့်ထွက်သွားတောင်တံခါးတောင်ပြန်မပိတ်ရသေးခင် အခန်းထဲရောက်လာတယ်။ တံခါးရှေ့များရပ်စောင့်နေတာလား ရှန်ရစ်ခီ။
" ရော့ ကိုကို့အတွက် လှတယ်မဟုတ်လား "
ဆိုတဲ့စကားနဲ့အတူ သူ့ရှေ့ရောက်လာတဲ့နှင်းဆီပန်းအနီရောင်တွေစည်းထားတဲ့ပန်းစည်းတစ်စည်း။ နုနုနယ်နယ်မိန်းကလေးတစ်ယောက်မဟုတ်ပေမယ့်လဲ ရုတ်တရက်ပန်းစည်းပေးခံလိုက်ရတော့ ရင်ခုန်မိတာတော့အမှန်ပင်။

YOU ARE READING
Give Love
FanfictionKim Ji Woong × Ricky Shen A story about calm and handsome doctor & chaotic and stubborn boy✨ Written in Burmese ✨