"Hao Hyung..."
ချိုချိုပြစ်ပြစ်လက်တေးကော်ဖီတစ်ခွက်ငုံနေရင်းမှ အသံလာရာဆီမော့ကြည့်လာလေ၏။ အစဥ်သဖြင့် အေးဆေး
ငြိမ်သိမ်နေတတ်သည့် Hao Hyung က"Matthew" ဆိုပြီး ပြန်ခေါ်နှုတ်ဆက်
လေသည်။ သူဒီမှာပါဆိုသည့် သဘော
ဖြင့် လက်လေးတစ်ဖက်လည်းထောင်
ပြသေးရဲ့။ Matthew တံခါးကနေ သူ့
ဆီသွားနေတာတောင် " လာ ၊ လာ"
ဆိုပြီး လက်ယက်ခေါ်နေသေးပြန်၏။Hao Hyung၏ အသက်နှင့်မလိုက်
အောင် ချစ်ခင်ဖွယ်ရာကောင်းနေမှုကို
Matthewက အပြုံးလေးနဲ့ပဲတုံ့ပြန်
နိုင်သည်။ Matthewထိုင်ခုံနေရာရောက်တော့ တံခါးဝကို မသိမသာလေးမျှော်ကြည့်နေတာတွေ့တော့ သက်
ပြင်းသာ ဆောင့်ချမိသည်။"မျှော်မနေနဲ့ မပါလာဘူး"
"အတန်းမပြီးသေးလို့တဲ့လား"
"မဟုတ်ဘူး။ ဟိုဘက်ကျောင်းကိုအသစ်ပြောင်းလာတဲ့ တစ်ယောက်ကို
သွားတွေ့တာ"Matthewပြောနေရင်းနဲ့ပဲ Hao Hyung
မျက်နှာရိပ်ကိုအကဲခတ်လိုက်သည်။
ဖြစ်ရိုးဖြစ်စဥ်တစ်ခုကိုနားထောင်နေ
သလိုပါပဲ။ ပါးလေးနှစ်ဖက်မသိမသာ
ဖောင်းရင်း အင်းပေါ့...အင်းပေါ့ ဆို
သည့် အထာနှင့် ခေါင်းကလည်း
တဆက်ဆက်နှင့်။ ပြီးမှ တက္ကသိုလ်ဝင်
ခွင့်လမ်းညွှန် ဆိုသည့်စာအုပ်အထူကြီး
ကို ဖွင့်ပြီးတဖျပ်ဖျပ်လှန်နေတော့
သည်။ Matthewလည်း အလိုက်တသိ
ပဲ။ ကျောပိုးအိတ်ထဲက အလားတူစာအုပ်ကို ထုတ်ပြီး Hyung နှင့် စာလေ့
လာဖို့ပဲ စိတ်ဆုံးဖြတ်လိုက်သည်။Hao Hyung က သူလိုနိုင်ငံခြားကကျောင်းပြောင်းတက်လာသူပေမဲ့ နိုင်ငံ
ခြားသားတွေတက်သည့်နိုင်ငံတကာပရိုဂရမ်ကို အမှတ်အမြင့်ဆုံးနှင့်ဝင်
ခဲ့သည့် အနုပညာပါရမီရှင်ပဲ။ ဂီတ အနုပညာမေဂျာတက်နေသူပေမဲ့
ဝင်ခွင့်မှာ မဖြစ်မနေဖြေရသည့် စာပေအနုပညာကိုလည်း အမှတ်အများဆုံး
ရခဲ့သူပင်။
ထို့အတွက် Matthewလည်း သည်လိုအနုပညာတက္ကသိုလ်၏ ကျောင်းမြက်လေးထံမှာ ဆည်းပူးပညာသင်ယူရမှာပဲ။ သူလည်း Hyungလို ထိပ်ဆုံးစာရင်းမှာရပ်တည်ချင်မိသည်လေ။"ကျောင်းမြက်လေးပီသပါပေတယ် မက်ချူး"
အဖြေတိုက်ပေးရင်းမှ Hao Hyung
က ချီးကျူးပြန်သည်။ Matthew ရှက်
ပြုံးလေးနဲ့ပဲ တုံ့ပြန်ဖြစ်သည်။ ကိုယ့်
ဘာကိုယ်စာတော်မှန်းသိပေမဲ့ နောက်
ထပ်စာတော်သည့် ကျောင်းမြက်ပင်
လေးဆီက ချီးကျူးခံရတာတော့...
တစ်မျိုးတော့တစ်မျိုးပဲ။"Han Binရော...စာလုပ်ရဲ့လား။ သူက
မှ Matthewထက် ပိုအရေးကြီးတဲ့
အတန်းရောက်နေတာတောင်..."တွေ့ဆုံပွဲသွားတာကို ဘာမှမပြောဘဲ
စာမလုပ်သည့်ပြစ်မှုနှင့် တစ်ဖက်လှည့်
စွဲချက်တင်နေသူ။"လုပ်မှာပါ။ သူ့ကိစ္စတော့သူနိုင်နင်းပါ
တယ်။ Hyungကိုရော ဘာပြောသေး
လဲ""ဘာ...ဘာကို ဘာပြောရမှာလဲ"
Matthewမေးတာ စာကိစ္စ၊ ကျောင်းဝင်
ခွင့် ကိစ္စပေမဲ့...Hao Hyung ကတစ်
မျိုးတွေးမိသည်ထင်။ ချက်ချင်းနား
တွေရဲတက်လာပြီး ဘာလာလာအကြောက်အကန်ငြင်းဖို့ စတင် ကြိုးစားတော့၏။မနက်ခင်းလေးတွေမှ "ကျောင်းပြင်က
နမ်ဂျားချင်းဂူး" ဟု နောက်သလိုလို
အတည်လိုလိုပြောသွားသည့်စကား
ကိုတော့ လက်လွှဲဖောက်သည်ပြန်မချ
တော့ပါ။Han Bin Hyungအကြောင်း Matthew တစ်ယောက်တည်းသိတာ
မှမဟုတ်တာ။ Han Bin Hyungမှာက
အီစီကလီအဆင့်တွေနဲ့တင် လက်ချိုး
မရေနိုင်တဲ့ အနေအထားလေ။ ဒါကို
သိနေပေမဲ့ သူအီခံနေရတဲ့လူတိုင်းက
လည်း လိုလိုလားလားပြန်အီပြီး ငါ့ကို
ကစားနေတာလား ဘာညာနှင့် တစ်
ယောက်မှပြဿနာမရှာ။ Han Bin
နဲ့ရှိနေချိန် ပျော်တယ်။ Han Binကို
လိုလားတယ်။ Han Binကလည်း လိုလိုလားလားကြည်ကြည်ဖြူဖြူရှိ
တယ်ဆိုရင် အိုကေတယ်လေ ဆိုတဲ့
လူစားမျိုးတွေချည်းပဲ။အခုတွေ့ဆုံပွဲသွားတဲ့ ကိစ္စကိုပဲကြည့်။
Matthewကသာ မလိုက်တာ။ Hyung
နားနေပြီးကျေးဇူးဆပ်ချင်ပါတယ်
ဆိုတဲ့ အဖော်ကောင်လေးကတော့ လိုက်သွားလေရဲ့...Hyung ပြောခဲ့သည့် အထာကျသည့်
အလှလေး ဆိုတာနဲ့ အခုဆိုတွေ့နေ
လောက်ရောပေါ့...Matthew ခေါင်းတွေခါပြီး ရှေ့က
အစ်ကိုကိုကြည့်တော့ ကိုယ်တော်က
လည်း သူ့လိုအကြည့်လေးနဲ့ ပြန်ကြည့်နေလေရဲ့...ထို့နောက် မတိုင်ပင်ပါဘဲ နှစ်ယောက်သား ရယ်မိကြပြန်သည်။
သည်သဘောကိုက မင်းလည်းသိတယ်။ ငါလည်းသိတယ်။ အဲ့ဒါကိုလည်း ငါတို့အပြန်အလှန်သိနေတယ်
ဆိုတာမျိုး... ဟူးးးး
Thank You All