ဟန်ဘင်းတကယ်စိတ်ကျေနပ်သွားမိ
သည်။ အသင့်စောင့်ကြိုနေသည့်ဝိုင်း
က သုံးယောက်မှာ ၁ယောက်ကတော့
နာမည်ကျော်နေသည့် အလှလေး ပဲဖြစ် ရမည်။ ကိုရီးယားမှာတွေ့ရခဲသည့်အလှစံနှုန်းနှင့် အလှလေးက အလယ်နေရာကိုမယူ။ မှန်တံခါးချပ်များနှင့်နီးကပ်
သော ထောင့်နေရာကိုယူထားသည်။
သတင်းက မှန်ရဲ့လား။သူကအထက်တန်းကျောင်းသားအနေနဲ့ဆို
အများကြီးရင့်ကျက်နေသလိုပဲ။ ဝတ်
ထားတာကလည်း ကျောင်းယူနီဖောင်း
မဟုတ်။ဟန်ဘင်း တို့ သုံးယောက်ဝင်လာတော့
အငယ်ဆုံးမျက်နှာလေးနှင့်တစ်ယောက်
က လက်ထောင်ပြသည်။ ဟန်ဘင်း က
ဂယူဘင်း နှင့် ဂွန်းနုခ် လေးကိုခြံရံပြီး
အလယ်မှာထိုင်လိုက်တော့ကျောင်းယူနီဖောင်းပေါ်ကိုမှာမှ ပုဝါနီ
ရဲရဲကို လည်ပင်းမှာပတ်ထားသည့် ကောင်လေးက အရင်စနှုတ်ဆက်လေ
သည်။"ကျွန်တော်က ကင်(မ်)ထယ်ရယ်ပါ။
ဒါကတော့ ကျွန်တော့်ညီလေး ယူဂျင်း
ပါ။ သူက အပျော်လိုက်လာတာနော်။
သူ့ထည့်မတွက်လည်းရတယ်"ငယ်ငယ်ကပြေးဆော့ခုန်ပေါက်ကစား
ခဲ့ကြတုန်းကလိုများ အငယ်ဆုံးလေး
တွေကို ထမင်းသိုး ၊ ဟင်းသိုး လေးဆို
ပြီး သတ်မှတ်ထားလို့ရမယ်ထင်နေတာ
လား ထယ်ရယ်ရှီ ဆိုပြီး မေးလိုက်ချင်
သည်။ ညီအစ်ကိုကြား ပြဿနာမပေး
ချင်ရင် ဂယူဘင်းလည်း အလိုက်သင့်
ပြန်ပြုံးပြ လိုက်ရသည်။ အငယ်လေး
ကိုကြည့်တော့ သူက ရိုးနေပြီ။ ဒါမျိုး
က လောကဓံရဲ့ လှည့်ကွက်တွေပါဆို
သည့် ရုပ်ကလေးနဲ့ နို့အေးခွက်ကိုတောင် သောက်မပျက်။"ကျွန်တော်က ဂယူဘင်း။ ကျွန်တော့်
ကိုထည့်တွက်လို့လည်းရတယ်နော်
ယူဂျင်းနီး""ဟမ်"
ယူဂျင်းနားမလည်ပါးမလည်ဖြစ်နေချိန်
မှာပင် ဂွန်းနုခ်က အထာနပ်စွာထပ်ဘေးတီးပေးသည်။"ဟုတ်တယ်...ထည့်တွက်လိုက်နော်။
ကျွန်တော်က ဂွန်းနုခ် ဒါက ကျွန်တော်
တို့ရဲ့ တစ်ကျောင်းတစ်ယောက်
ဟန်ဘင်း"ထိုသို့မှ...မှန်ချပ်တွေနားကပ်နေသည့်
အလှလေးက မျက်လုံးတစ်ချက်ဝေ့
ခနဲကြည့်ပြီး သြော် မင်းလား ဆိုသည့်
မျက်နှာပေးမျိုးထလုပ်သည်။ ဟန်ဘင်း ကလည်း ဟုတ်တယ်။ ငါပဲ ဆို
သည့် ပုံစံကိုမှ ဖော်ရွေသည့်အပြုံးလေး
နဲ့ တွဲစပ်ပို့ပေးလိုက်တော့မှ"ကင်(မ်)ဂျီအွန်း ပါ ။ ဆိုးလ်တက္ကသိုလ်
ဂီတမေဂျာတတိယနှစ်""ဘွာ"
ဂွန်းနုခ် လန့်တကြားထအော်သည်။ ဆောင်း(န်)ဟန်ဘင်းလည်း နည်းနည်း
နဝေတိမ်တောင်ဖြစ်သွားရသည်။"နေပါဦးပေါ့"
ဆိုသည့် မျက်နှာပေးနဲ့ကြည့်တော့ ကင်
(မ်)ဂျီအွန်း က ထပ်ရှင်းပြသည်။"ကျောင်းသားဟောင်းပါပဲ။ တကယ်
တော့ ဒီနေ့မင်းတို့နဲ့ လာတွေ့မှာ ငါ့ညီ
ရစ်ခီ။ သူက ကျောင်းပြောင်းလာတာ။
ဒါပေမဲ့ ဒီနေ့ သူအလုပ်ရှိလို့ဆိုပြီး သူ့
အစား ငါလာလိုက်တာ။ ဒီမှာ သူ့ဓာတ်
ပုံ"ဂယူဘင်း က ဘာတွေလား ဒါတွေက
ဆိုသည့် ပုံစံဖြစ်နေပေမဲ့ ဂျီအွန်းပြ
သည့် ဓာတ်ပုံကိုတော့ရအောင်ကြည့်
လိုက်သေးသည်။ တကယ်တော့ဓာတ်
ပုံမဟုတ် Gif ဖြစ်နေသည်။ ခပ်မိုက်
မိုက်အထာနှင့်တစ်ယောက်က
"Young & Rich Baby Boss Ricky"ဆိုသည့် လှုပ်နေသည့်စာတန်းတွေနောက် သူ့ နက်ခ်တိုင်ကို ဆွဲလားရားလားလုပ်ပြီး ဟန်ရေးပြနေသည်။
"Hyung သူတို့တွေက ပုံမှန်ပါနော်"
မနေနိုင်စွာလည်း ဘေးက ဟန်ဘင်းနား
ကပ်ပြီး အတည်ပြုရသေးသည်။ ဟန်
ဘင်းက ဂွင်ချားနား ဆိုသည့် ပုံနှင့် ခေါင်းလေးညိတ် မျက်လုံးလေး မှိတ် မှိတ်ပြီး နှစ်သိမ့်သေးသည်။
ပြီးမှ ရုတ်တရက်"ရှေ့လျောက် အစ်ကိုနဲ့တွေ့လို့ရော ရလား" ဟု ကင်မ်ဂျီအွန်း ကိုထမေးသည်။
ဂျီအွန်းက ချက်ချင်းမဖြေ။ သူ့ရှေ့က
Black Ice Coffee ကိုတစ်ချက်စုပ်
သောက်ပြီး..."အင်း တွေ့ကြည့်တာပေါ့။ မင်းရော
ကိုယ့်မှာရော အချိန်ရှိရင်ပေါ့..." ဟု
ပြန်ဖြေလေတော့၏။လေထု၏ ဖိနှိပ်မိတစ်ခုကြောင့် စားပွဲ
မှ ကျန်ကလေးများ အလိုလို ငြိမ်ကုန်
ကြသည်။"ကျေးဇူးပါ" ဟု ဟန်ဘင်းက တုံ့ပြန်အ
ပြီး မကြာသေးခင်ကမှ စားပွဲထိုးလေး
လာချပေးသွားသော Black Ice Coffee ကို ယူလောက်လေသည်။"မဆိုးပါဘူး စွဲဆောင်မှုရှိသားပဲ" ဟူ
သော စကားသည် ကော်ဖီကိုပြောတာ
လား ရှေ့က သူနှင့်အတူတူ ကော်ဖီ
သောက်နေသည့် လူကိုပြောတာလား
ဆိုတာတော့ ဘုရားနဲ့ ကာယကံရှင်
ကိုယ်တိုင်ပဲသိလိမ့်မည်။လေထုကတော့ ကဖင်းဓာတ်အပြည့်နှင့်လတ်ဆက်ပြီးလန်းဆန်းနေတော့၏။
Thank You All
AN / replyပါ စိတ်နဲ့ပြန်တဲ့ အဆင့်မဟုတ်တော့ဘူး။ Ficပါစိတ်နဲ့ရေးတဲ့
အဆင့်ဖြစ်နေပြီ။ ဒါကိုရေးပြီးပြီပဲ
ထင်နေတာ ။ တကယ်တော့ စိတ်ထဲမှာ
ရေးပြီးနေတာရယ်😣
![](https://img.wattpad.com/cover/340480227-288-k545073.jpg)