part-18

1.8K 113 9
                                    

Unicode

18....

နောက်တနေ့မနက်ရောက်သော်....

သခင်မကြီးက ထယ်ယောင်းအခန်းထဲဝင်လာပြီး အိပ်ယာပေါ်က ထယ်ယောင်းကို နူးညံ့စွာကြည့်ပြီး...
သူမတွေးမိလိုက်တာက သူမရဲ့သားလေးက ငယ်သေးတယ် ခုမှ၁၈နှစ်ဘဲရှိသေးတယ် သူမသားလေးကို မိန်းခလေးတစ်ယောက် လက်ထဲထည့်မပေးနိုင်ပါ။
သူမရဲ့ယောက်ကျား ထယ်ယောင်းအဖေကြောင့်သာ မျိုးရိုးကြီးထဲက မိန်းခလေးတစ်ယောက်နဲ့ စေ့စပ်ပေးဖို့ လုပ်ထားပေမဲ့...။

ထိုမိန်းခလေးကအလွန်မောက်မာလေသည်။
သူမသိတာပေါ့ ထယ်ယောင်းလေးက ကွိုကျလို့သာ အလိုက်အထိုက်ဆက်ဆံနေမှန်း...။

မောက်မာတဲ့ မိန်းခလေးနဲ့ ထယ်ယောင်းလေးကို သူမသဘောမတူနိုင်ပါ။
နဂိုထဲကမှ သူမသားလေး ထယ်ယောင်းက အခုမှ လိမ်မာတုန်းလေး ရှိသေး ထိုမိန်းခလေးကြောင့် ပြန်မဆိုးစေချင်ပါ...။
သူမထိုစေ့စပ်ပွဲကို ဖျက်သိမ်းပြီး သားလေးကြိုက်တဲ့သူနဲ့သာ ပေးစားမည်ဟု တွေးထားလေသည်။

သူမလဲဆက်မတွေးတော့ဘဲ  ထယ်ယောင်းလည်ပင်းကို ကြည့်ကာ ဒေါသတွေထွက်မိလေသည်။
ဒီလောက် အစောင့်တွေရှိပါရက်နဲ့ ထယ်လေးကထိခိုက်ရတယ်လို့...။

ထယ်ယောင်းကို ထိခိုက်အောင်လုပ်တဲ့သူကို သူမလုံးဝခွင့်မလွှတ်ပါ...။

"သားလေး ထတော့...အမေ မနက်စာချက်ထားတယ်..."

"ဟုတ် ကျွန်တော်ဆင်းလာမယ်နော်"

"ညက သားအခန်းထဲက စကားပြောသံတွေကြားတယ် ဘယ်သူလာတာလဲသား"

"ဂျောင်ဂုပါ အမေသူက ကျွန်တော်လည်ပင်းထိခိုက်ထားတယ် ကြားလို့ဆိုပီး ဝရန်တာကနေကျော်ခွပြီး ရောက်လာတာအမေ..."

"ဒီကလေးလေးက အားကိုးရသားဘဲနော်သား အရင်က ဂျောင်ဂုလေးက သားကသူနားကပ်တာမကြိုက်ပေမဲ့ အခုတော့ကြိုက်ပုံဘဲ... "

"အာ...အဲ့ဒါကသူလဲ ရင့်ကျက်သွားလို့နေမှာပါ..."

"မဟုတ်မှ သားကိုကြိုက်နေလို့များလား"

"အမေ...အမေကလဲ မဟုတ်လောက်ပါဘူး.... "

"ဟုတ်နေရင်ကော...သားထယ်"

ᰔᩚl entered the story unexpectedly(♥︎Completed  ♥︎) Where stories live. Discover now