ep.3

87 12 2
                                    

ကျောင်းကနေအပြန်မှာ ကုကီလေးတစ်ယောက် သူ့ရဲ့ကိုကို ကို‌ေစာင့်နေလေ၏။

*ဟူးးကိုကိုကလည်း ဘာလို့အဲ့လောက်တောင် အမြဲတမ်းနောက်ကျ နေရတာလည်း မသိဘူး ဟွန့် *

ဆိုကာခြေလေးစောင့်ကာ သူ့ကိုကိုအားစောင့်နေလေ၏။ သိပ်မကြာပါ ကောင်မလေးတစ်ယောက်နဲ့ စကားတွေပြောပီး ထွက်လာတဲ့သူ့ကိုကို ကိုတွေ့လေတော့

*အော်အဲ့ဒီမမကြောင့် ကိုကိုကနောက်ကျနေတာကို *

ဆိုကာပြောပီး ရှေ့ကနေထွက်လာခဲ့လိုက်လေ၏။ သူကိုယ်တိုင်လည်း သူ့ဟာသူဘာတွေဖစ်နေမှန်းကို မသိခဲ့ဘူးလေ။ သူ့ကိုကိုနဲ့ပတ်သက်လာရင် အရာအားလုံးသေးသေးလေးက အစသူမကြိုက်ပေ။

ထိုသို့အရှေ့ကနေ ထွက်သွားသောကောင်လေးကို မြင်လေသော ကိုကိုသည်

*Hana ငါတို့နောက်နေ့မှ့ပဲ စာအကြောင်း
ဆက်ဆွေးနွေးတာပေါ့ အခုတော့ငါအိမ်ပြန်လိုက်အုံးမယ် ခွင့်ပြုပါအုံး *

ဆိုကာပြောပီး ကုကီလေးရဲ့အနောက်ကို လိုက်ရပြန်၏။ ကျန်ခဲ့တဲ့သူမသည်

*ကျစ်အမြဲတမ်းအဲ့လိုပဲ *

ဆိုကာတောက်ခ်တစ်ချက် ခေါက်ကာပြန်သွားလေ၏။ ထိုအချိန် ကုကီလေးသည်လည်း

*ဟူးး ကိုကိုလည်း ‌တစ်ခြားသူတွေနဲ့ အတူတူပါပဲလေဟုတ်လည်း ဟုတ်သားငါကတစ်ခြားမိန်းကလေးတွေလိုမှ့ မလှပဲ ချစ်ဖို့မကောင်းဘဲ ကိုကိုဂရုမစိုက်တာ အဆန်းမဟုတ်တော့ပါဘူးလေ *

ဆိုကာပြောလေရင်း သူ့အားအနောက်က လက်ကိုလှမ်းဆွဲလေသော ကိုကိုကြောင့်

*အမလေးဟောဟဲဟောဟဲ မောလိုက်တာယုန်‌ေပါက်လေးရယ် ကိုကို့ကိုကျောင်းရှေ့မှာ တွေ့တာပဲလှမ်းခေါ်ပေါ့လို့ ယုန်ပေါက်လေးရဲ့ ကိုကိုမှာ ယုန်ပေါက်လေးကို မြင်လို့အပြေး‌လိုက်ခဲ့ရတာ မောလိုက်တာ ဟောဟဲ *

ဆိုကာပြောနေတဲ့ ကိုကိုဟာတကယ်ကိုပင် မောနေဟန်နဲ့ပေါ့။ ထိုအခါကုကီလေးသည်

*ကိုကိုအရမ်းမောနေတာလား အဲ့အတွက်Kookieလေးက တောင်းပန်ပါတယ်နော် ပီးတော့ကိုကိုက ဟို‌တနေ့ကအိမ်ကိုအတူပြန်လာတဲ့ မမနဲ့စကားတွေပြောနေလို့ kookieလေးက အလိုက်သိစွာနဲ့ ရှောင်ပေးတာပါ *

ကျနော့်ရဲ့ ယုန်ပေါက်လေး ( complete )Where stories live. Discover now