ep.4

77 11 2
                                    

ကုကီလေးတစ်ယောက် ကျောင်းပိတ်ရက်လေးဖစ်တာကြောင့် ဆော့ကီလေးတို့အိမ်ကို သွားလေ၏။

မသွားခင်မှာ မမေ့မပျောက် မားကို

*မားရေ kookieလေး seokieလေးအိမ်ကို သွားလည်အုံးမယ်နော်  *

ဆိုကာပြောလေတော့ မားJeonသည်

*ကောင်းပါပီကွယ် မိုးတော့မချုပ်စေနဲ့နော် ကြားလားသားလေး ပီးတော့တစ်လက်စထဲ အန်တီ Soraအိမ်ကို သွားပီတော့ အမဲပေါင်သားဟင်းလေးချက်ထားတာ ‌ပို့ပေးပါ‌အုံးနော် မနေ့ကအန်တီက ကြက်ပေါင်းဟင်းလေး ပို့ပေးထားလို့ ပီးတော့hobiလေး အိုမားအတွက်လည်း အမဲပေါင်လေးပေးပေးပါအုံးနော်  *

ဆိုကာပြောလေတော့ ကုကီလေးသည်

*ဟုတ်ကဲ့ပါမားရေ သားသွားပီနော် မားမွ *

ဆိုကာအမဲပေါင်သား ဟင်းလေးကိုယူကာ ကုကီလေးသည် မားရဲ့ပါးလေးကို နမ်းလေတော့ မားသည်သဘောကျလေရဲ့။ ပီးနောက်ကိုကိုရဲ့ အိမ်ကိုသွားကာ

*မားမားMinရေ ပါးပါးMinရေ ချစ်ဖို့ကောင်းတဲ့ Kookieလေး လာတယ်ဗျို့ *

ဆိုကာပြောလေတော့ ပါးပါးသည်

*ဝေ့ ဒါဘယ်သူလေးလည်း ပါးပါးတို့ရဲ့
သားမက်လေးပဲ  *

ဆိုကာပြောလေတော့ ကုကီလေးသည်ရီလေ၏။
ထို့အချိန် ဈေးကနေပြန်လာတဲ့
မားမားMin သည် ကုကီလေးအားမြင်လေတော့

*ဟယ်မားမားရဲ့ ကလေးလေး ဘာတွေယူလာတာလည်း ပီးတော့ရှင်ကလည်း ကလေးလေးလက်ထဲက ပစ္စည်းကိုဝိုင်းမသယ်ပေးဘဲဘာလို့ ရပ်ကြည်နေရတာလည်း တစ်ကယ်ပဲ ခက်ပါတယ်  *

ဆိုကာပြောလေတော့ ပါးပါးသည်

*အမလေးမိန်းမရယ် ယောကျာ်းမှားပါတယ်
တစ်ကယ်ပါပဲ *

ဆိုကာပြောလေတော့ မားမားသည်

*ရှင်မှားတာသိလို့ ဝမ်းသာပါတယ် ရော့ဝိုင်းသယ် *

ဆိုကာပြောလေတော့ မိန်းမကိုချစ်ကြောက်ရပါသော ပါးပါးသည်

*ကဲသားလေးရေ တွေ့တဲ့အတိုင်းပဲအဲ့လို
ပါးပါးကချစ်ရတော့လည်း အ‌လျှော့ပေးနေရတာ ကြောက်လို့တော့မဟုတ်ဘူးနော် *

ကျနော့်ရဲ့ ယုန်ပေါက်လေး ( complete )Where stories live. Discover now