Unicode
ကောင်းကင်တစ်ပြင်လုံးက ကြည်လင်တောက်ပနေလေသည်။ မနေ့ညက အရေးပေါ်လူနာတွေ အများကြီး ရောက်လာတာနဲ့ အလုပ်ရှုတ်နေတာ အခုမှ နားချိန်ရ၍ .. ခုံပေါ်တွင် မှောက်အိပ်ကာ နေနေလိုက်သည်။
GSဆိုပေမယ့်လည်း လူအလုံအလောက်မရှိသည့်အတွက် အရေးပေါ်ဌာနမှာပါ ဝင်ရောက် ကူညီကာ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
*ဒေါက် ဒေါက်*
တံခါးခေါက်သံကြောင့် ဇတ်ခနဲ ခေါင်းထောင်လိုက်ကာ
"ဝင်ခဲ့ပါ"
တံခါးဖွင့်သံနဲ့အတူ ဝင်ရောက်လာတဲ့ လူတစ်ယောက်။ အရပ်က ပုပုလေးနှင့် ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်
"မဂ်လာပါ..ကျွန်တော်က ဂယ်ချောင် ဆေးရုံကို အသစ်ရောက်လာတဲ့ GS Doctor Seok Matthew ပါ ..သေသေချာချာ ကူညီစောင့်ရှောက်ပေးပါအုံးဗျ"
45°ခါးကို ကိုင်းကာ ပြောလာသော ကောင်လေးကြောင့် ကျွန်တော် ပြူးကြောင်ကြောင်လေးနှင့် ကြည့်နေမိသည်။ ဘာလို့လဲဆို doctor အသစ်ရောက်မယ်လို့မှ သတင်းမကြားမိဘဲ။
"ကိုယ့် နာမည်က Sung HanBin ပါ..GSတစ်ယောက်ပါပဲ..."
"Hyung က ကျွန်တော် စီနီယာပဲ ... ဒါပေမယ့် လုပ်ရည်ကိုင်ရည်မှာက ကျွန်တော်က hyung ထက်ပိုတော်တယ်ဆိုတာ hyung သိအောင် ပြောထားပါရစေ ..."
ရုပ်တည်နဲ့ပြောလာသော ထိုကလေးကြောင့် HanBin တစ်ယောက် သောက်လက်စ ရေပါသီးသွားရသည်။
"ဟ...အလာကြီးပါလားကွ..ဒီမှာ ငါက မင်းထက် ဝါရင့်ပြီး ခွဲခန်းထဲ အကြိမ်ပေါင်းအများစွာ ဝင်ဖူးတယ့်သူပါ ပြီးတော့ မင်း..."
"ကျွန်တော်အိပ်ရာ ဘယ်နားမှာလဲ"
မရတော့ဘူး တစ်ကယ် တင်းသွားပြီ.. စီနီယာကို မခန့်လေးစားလုပ်ယုံတင်မကဘူး စကားတောင် ပြီးအောင်မပြောခိုင်းဖူး တွေ့မယ် မင်း နဲ့ငါ ဒီနေ့က စပြီး တွေ့ပြီပဲ..
"မင်း အခုရပ်နေတဲ့ နားက ကုတင်က မင်းကုတင်ပဲ.. ၁၀မိနစ်တွင်း uniform ဝတ်ပြီး ERဘက်ကို လာခဲ့ပါ "
တရစပ်ပြောပြီး ထထွက်သွားတဲ့ လူ ကို Mathewကြောင်ကြည့်နေမိသည်။ ဘယ်လို လူပါလိမ့် တွေ့ကတည်းက မျက်နှာကြောကို မတည့်ဖူး အရင်ဘဝက ရန်သူတွေ ဖြစ်ခဲ့ကြလို့နေသည်။
YOU ARE READING
𝗗𝗼𝗰𝘁𝗼𝗿 𝗜𝗻 𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀
Fantasyနှစ်ယောက်လုံးက တွေ့တဲ့အချိန်မှာ မျက်နှာကြောမတည့်ပေမယ့် အချိန်တွေကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်း ကူညီရင်း ချစ်မိသွားတယ့် ကောင်လေးနှစ်ယောက်အကြောင်း ဆေးလောကနဲ့ ဆတ်စပ်ပြီး ရေးထားတာမလို့ ဖတ်ရတာ လုံးဝနောင်တရမှာ မဟုတ်လို့ ဖတ်ဖို့ အကြံပြုပါရစေ