Ep-3

380 63 4
                                    

Unicode

ZhangHao ပြောတာလဲမမှား သူ ဒီကလေးအပေါ်အာရုံရောက်နေသည်နှင့် ပတ်ဝန်းကျင်ကိုပင် သတိမထားမိပေ။ သွားလေးဖြီးကာ ပြုံးကာ ပြလိုက်တော့သည်။

"ဒါနဲ့ လူနာတွေက မရှိတော့ဘူးမလား "

"အွန်း မရှိတော့ဘူး... ငါခဏသွားနားလိုက်အုံးမယ်"

Haoကို ခေါင်းငြိမ့်ပြလိုက်ပြီး နှုတ်ဆတ်လိုက်ပြီး ERဘက်ကို လျောက်လာလိုက်သည်။ ထိုအချိန် ရင်ဘတ်နှင့် တစ်စုံတစ်ခု တိုက်မိလိုက်သလို ခံစားလိုက်ရ၍ ခေါင်းကို ငုံ့ကာ ကြည့်လိုက်မိတော့ ဟို ကောင်လေး။

"အင့်"

Matthew လည်း ကိုယ့်အတွေးနဲ့ကိုယ် လမ်းလျောက်လာသဖြင့် ဘာကိုမှ မမြင်တော့ပေ။

"မင်း ဘယ်နားနာသွားသေးလဲ.. လမ်းလျောက်တာ သတိထားလျောက်မှပေါ့ "

"စီနီယာက ဘာလို့ ကျွန်တော့်ရှေ့တည့်တည့်လာလျောက်လဲ"

အံမယ်..သူကလည်း ဝင်တိုက်သေးတယ် ပြီးတော့ ကျွန်တော်ကိုလဲ လာရန်ရှာသေးတယ် ဒါမျိုးကတော့ ဘယ်ရမလဲ..ဆောင်းဟန်ဘင်းတဲ့ တစ်ဘင်းထည်း ရှိတယ်။

"ဒီမှာ ဝင်တိုက်တာမင်းလေ..နောက်ဆို သတိထားလျောက်ကြားလား"

ဘလိုင်းကြီးကောပြီး ထွက်သွားသော ဆောင်းဟန်ဘင်းကို ကြည့်ကာ Matthew သက်ပြင်းချမိသည်။ ဒီလို ကြောင်တောင်တောင်နိုင်တဲ့လူက GSဘယ်လိုဖြစ်လာလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ အတွေးတွေကို လက်စဖျောက်ပစ်ကာ လူနာတွေကို လိုက်ပြီး စောင့်ရှောက်ပေးဖို့ကိုသာ အာရုံထည့်လိုက်သည်။

တွေ့တာနဲ့ တကျက်တကျက်ရန်ဖြစ်နေကြသော သူတို့ နှစ်ယောက်ကို ကြည့်ကာ သူနာပြုချွဲ ခေါင်းခါမိသည်။

"ဟူး~~ဒီလိုနဲ့ နောက်ထပ်အတွဲတစ်တွဲ ERမှာ ပေါ်လာတော့မယ် ထင်တယ်"

"ဘယ်သူကို ပြောတာလဲ သူနာပြုချွဲ"

"အမလေး ပလုတ်တုတ်! လန့်လိုက်တာ အသံမပေးဘာမပေးနဲ့ .."

သူ့နားကို ရောက်လာတဲ့ သူနာပြုဟန် ကြောင့် လန့်ဖျန့်သွားရသည်။ ဒီဆေးရုံမှာ လုပ်သက်ရင့်လာလေ ငါလည်း နှလုံးရောဂါရလေလေဖြစ်တော့မှာပဲ ဘယ်တော့မှ အသံမပေးကြဘူး အနားရောက်လာတိုင်းကို။

𝗗𝗼𝗰𝘁𝗼𝗿 𝗜𝗻 𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀Where stories live. Discover now