HAZY

625 33 1
                                    

[Taylor Swift _ Daylight (Recommed song)]

ရစ်ခီရှန်ကအင်မတန်ကိုအပြင်ထွက်ရတာမုန်းတဲ့လူစားမျိုး။ဒါပေမဲ့လည်းခုတော့နှင်းတောထဲမှာကိုရီးယားကလာလည်တဲ့သူငယ်ချင်းတစ်စုကြောင့်ရောက်နေရလေသည်။စိတ်သိပ်မပါပေမဲ့လည်းစလိုက်၊နောက်လိုက်နဲ့မို့ရစ်ခီ့စိတ်ကလေးအနည်းငယ်ကြည်လာသည်။

''ဂယူဗင်း အဲ့ဘက်မဟုတ်ဘူးလားလို့''

''ငါလည်းမသေချာဘူး''

နှင်းတောထဲကိုပျော်ပွဲစားထွက်ချင်တဲ့လူကများတာမို့သူတို့နှင်းတောထဲလာခဲ့ကြတာဖြစ်သည်။ဒါပေမဲ့ရုတ်တရက်တိုက်လာတဲ့နှင်းမုန်တိုင်းကြောင့်ထပြန်ခဲ့ကြပေမဲ့တအားဆိုးလာတဲ့မုန်တိုင်းကြောင့်ရှေ့ပင်ကောင်းကောင်းမမြင်ရတော့။

''ရစ်ခီ!!! သတိထားအုံး''

မင်ဟျွန်းရဲ့အော်သံကနောက်ကျသွားလေသည်။သူတောင်စောင်းကနေပြုတ်ကျသွားနှင့်ပြီ။မှီရာသစ်ပင်လှမ်းဆွဲလိုက်ပေမဲ့လည်းလက်တွေသာပေါက်ပြဲကုန်သည်။အေးချမ်းနေတဲ့ရာသီဥတုမို့ဒဏ်ရာတွေကကိုက်ခဲနေလေသည်။ဘယ်ဘက်ခြေထောက်ကအရှိန်နဲ့ပြုတ်ကျတာမို့သေမတတ်နာနေလေသည်။

သူ့သူငယ်ချင်းတွေလာခေါ်ဖို့ကိုလည်းရစ်ခီမမျှော်လင့်ပါဘူး။ဒီလိုဆိုးရွှားနေတဲ့ရာသီဥတုကြားမှာသူတို့ဘေးကင်းတယ်ဆိုရင်ဘဲရစ်ခီကျေနပ်နေပါပြီ။အေးစက်လာတဲ့သူ့ခန္ဓာကိုယ်နဲ့အတူအမြင်အာရုံကလည်းတဖြည်းဖြည်းဝေဝါးလာလေသည်။နောက်ဆုံးသူ့အမြင်အာရုံဟာလည်းအမှောင်အတိကျသွားလေသည်။

''အင်းအင်း မနာတော့ဘူးနော် ဥုံဖွ ဥုံဖွ ''

''အင်း!''

ရစ်ခီ့ရဲ့မှုန်ဝါးဝါးအသိစိတ်လေးထဲမှာတစ်စုံတစ်ယောက်ကသူ့အနာတွေကိုဆေးထည့်ပေးနေတာကိုမှတ်မိနေသည်။ဒါပေမဲ့အဲ့အချိန်တုန်းကသူသတိကောင်းကောင်းမရသေး။သူသတိရလာတော့နှင်းတောထဲမှာမဟုတ်ဘူး။အိပ်ခန်းတစ်ခုသာဖြစ်သည်။နှင်းတောထဲမှာဒီလိုမျိုးအိမ်တစ်လုံးရှိတာလား။

''နိုးနေပြီလား ''

ရုတ်တရက်ထွက်လာတဲ့ခပ်သြသြအသံကြောင့်ရစ်ခီလှဲနေရာကနေထထိုင်လိုက်သည်။မြင်လိုက်ရတဲ့သူစိမ်းယောကျာ်းရဲ့သွင်ပြင်ကြောင့်ရစ်ခီအိပ်ရာခင်းကိုသာအားကိုးတစ်ကြီးဆုပ်ကိုင်ထားမိသည်အထိ။အရမ်းကြီးချောလွန်းနေတာမဟုတ်ဘူးလား။ပျိုတိုင်းကြိုက်တဲ့နှင်ဆီပန်းလေးရစ်ခီတောင်မနာလိုရလောက်အောင်ချောနေတာကြီးကျတော့လွန်တာပေါ့။

𝑯𝑨𝒁𝒀(Mࠥiࠥnࠥaࠥmࠥsࠥ)Where stories live. Discover now