Heather

113 16 0
                                    

ကျန်းဟာအိုသည် ပြောရလျှင် အစွဲအလမ်းကြီးသူ တစ်ဦးပင် ဖြစ်သည်။

ကျန်းဟာအိုလေး ငယ်ငယ်က အလွန်ကြိုက်သော အရုပ် တစ်ရုပ်ရှိခဲ့ဖူးသည်။

ထိုအရုပ်လေး ရှိမှ အိပ်ပျော်သည်။ ထိုအရုပ်လေးသည် ဟာအို့၏ အကောင်းဆုံး အဖော်လေး တစ်ယောက် ဖြစ်ခဲ့သည်။

တစ်ရက်တွင်တော့ ခရီးသွားရင်း ထိုအရုပ်လေးမှာ ပျောက်ချင်းမလှ ပျောက်သွားလေတော့သည်။

ညအိပ်ချိန်တွင်တော့ အရုပ်လေးပျောက်သွားမှန်းသိသောအခါ ဟာအိုလေး သည်းကြီးမည်းကြီး ငိုတော့သည်။

ပြဿနာတက်သည်က ထိုအရုပ်လေးမှာ limited edition ဟုခေါ်သော အကန့်အသတ်နှင့် ထုတ်သည့် အရုပ် ဖြစ်နေခြင်းပင်။

ထို့ကြောင့် အခြားအရုပ်များဖြင့် အစားထိုးကာ ချော့မော့ရန် ကြိုးစားပါသော်လည်း ဟာအိုက ဆက်တိုက်သာ ငိုနေသောကြောင့် နောက်ဆုံးတွင်တော့ emergency roomသို့ ရောက်ရှိသွားခဲ့သည်တဲ့။

အိမ်ကလူတွေလည်း ပြာယာတွေခတ်ကာ ထိုအရုပ်ကို မရမက လိုက်ရှာပြီး စျေးကြီးပေးဝယ်မှ  ဟာအိုသေးသေးလေးလည်း အငိုတတ်ခဲ့သည်တဲ့လေ။

မေမေ ပြောပြခဲ့သမျှ ဟာအို မသိခဲ့သော အကြောင်းအရာများတွင် ဟာအိုက အစွဲအလမ်း ကြီးခဲ့ရုံသာမက ဟာအို လူမှန်း သိတတ်သည့်အရွယ်မှစ၍ မှတ်မိခဲ့သမျှ အချိန်ကာလများတွင်လည်း ဟာအိုသည် အစွဲအလမ်း ကြီးခဲ့သည်သာ။

ယခုမူ ဟာအိုသည် ကလေးမဟုတ်တော့။ ထို့အပြင် ဟာအို လိုချင်သော အရုပ်လေးကိုလည်း ငိုပြရုံနှင့် ရနိုင်မည် မဟုတ်တော့ပေ။

ဟာအို့ရှေ့မှ ပြုံးရွှင်စွာ ဖြတ်သွားသော ဆောင်းဟန်ဘင်းကို ကြည့်ရင်း ဟာအို သက်ပြင်းတစ်ချက်သာ ချမိသည်။

ဖြစ်နိုင်လျှင် ထိုအပြုံးများကို ဟာအို တစ်ယောက်တည်းသာ ပိုင်ဆိုင်မိချင်တာ။

ဖြစ်နိုင်လျှင် ဆောင်းဟန်ဘင်း၏ မျက်လုံးထဲမှ ကြယ်ရောင်
များကို ဟာအို တစ်ယောက်တည်းသာ ဆွတ်ယူ
မိချင်တာ။

ဟာအို မဖြစ်နိုင်သည်ကိုမှ အစွဲအလမ်း ကြီးမိနေတာ။

ပထမဆုံးအချစ်မှာ ဒီလိုကျရှုံးခဲ့ရခြင်းအတွက် ဟာအို့အ
တွက် ကံတရားကို အပြစ်တင်ရုံမှ အပ မတတ်နိုင်ပေ။

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

MY JOURNEY TO YOU(BINHAO/HAOBIN)Where stories live. Discover now