လွန်း နိုးလာတော့ ဘေးပတ်ဝန်းကျင်ကို မျက်စိကစားနေမိသည်။ ထိုအခါ ပြတင်းပေါက်နားကနံရံမှာ လက်ပိုက်ရင်းရပ်နေကာ သူမကို ကြည့်နေသည့် Rubah ကို တွေ့လိုက်ရသည်။
လွန်း ဘာမှ ပြောချင်စိတ်မရှိသည့် ပုံစံဖြင့် ကုတင်ပေါ်ကနေ ဆင်းပြီး အပြင်ထွက်မည် လုပ်သောအခါ Rubah က သူ့မလက်ကို လှမ်းဆွဲလိုက်ပြီး နံရံမှာ ကပ်ထားပေးလိုက်သည်
"ဟင် !! ဖယ် စမ်း!!"
Rubah ရဲ့ ရုတ်တရက် အပြုအမူကြောင့် လွန်းလန့်သွားရသည်။ Rubah က ဂရုမစိုက်စွာ သူမကို ငုံ့ကြည့်လိုက်ကာ"အဟွန်း!! အလှတွေ ပြင်တတ်လာတယ်နော်"
"...."
"ဘယ်လိုပဲပြင်ပြင် အရင်ကလောက်တော့ မလှဘူးပဲ"Rubah က သူမ ဆံပင်ကို လက်နဲ့ လှမ်းကိုင်လိုက်တော့ လွန်း သူ့လက်ကို ရိုက်ချလိုက်သည်။
"မကိုင်နဲ့!!"
"အဟွန်း!!"မုန်းစရာကောင်းလောက်အောင် ရယ်နေသည့် Rubah ကို လွန်း အမြင်ကပ်စွာ ပြန်မော့ကြည့်လိုက်သည်။ ကင်းကင်းနေချင်ပါတယ်ဆိုနေမှ ...
"နင် အရင်က ငါ့အပေါ်ဒီလောက်ထိ မဟုတ်ခဲ့ဘူး လွန်း .. ခုတလော ဘာလို့ ငါ့ကို ပစ်ပစ်ခါခါ ဖြစ်နေတာလဲ"
Rubah စကားကြောင့် လွန်း ဟာသတခု ကြားလိုက်သလို ရယ်မိသွားသည်။ ကိုယ့်ခံစားခဲ့ရတာ ကိုယ်ပဲ သိတာမို့
"နင်မသိခဲ့ဘူးပေါ့ ..အဟွန်း ရယ်ရတယ်နော် .. ဘာလဲ နင်ကောင်မလေးက နင့်ကို မပြောပြဘူးလား"
Rubah က သူမကို စူးစိုက်ကြည့်နေခဲ့ပြီး
"ငါမလုပ်ခဲ့တဲ့ အရာတခုကို စွပ်စွဲရုံတင်မကဘူး .. အရှက်ပါခွဲခဲ့တယ်.. ငါ့ဘက်က ငါ့သူငယ်ချင်းကလွဲပြီး ဘယ်သူမှ မရှိခဲ့ဘူး"
လွန်း သူ့ကို နာကျင်စွာ ကြည့်ကာ
"အလှတွေ ပြင်တော့ ဘာဖြစ်လဲ.. ရုပ်ချောရင် ဘာလုပ်လုပ် မှန်တယ်လေ.. အဲ့တော့ လှအောင်နေတယ် .. လှရင် မှားနေရင်တောင်မှ မှန်နေတာမျိုးပဲ"
လွန်း သူ့ရင်ဘတ်ကို တွန်းထုတ်လိုက်ကာ
"အဲ့တော့ ငါနဲ့ ဝေးဝေးနေပေးပါ ..ဒီတခေါက် ထပ်ဖြစ်လို့ကတော့ အရင်လို ငိုနေမယ်မထင်နဲ့"
YOU ARE READING
မင်းငါ့ကိုပဲ ရွေးချယ်ရမယ် ဒါလင် !!!
Romanceမင်းနေရိုင်း+ရှင်းမွေ့လွန်း စတွေ့ကတည်းက အခုချိန်ထိ မင်းမျက်နှာကို ကြည့်လာတဲ့သူပါ darling ဒါကြောင့် မင်းကို ကိုယ် ရတဲ့နည်းနဲ့ ရအောင် ယူမှာမို့ ကိုယ့်ကိုပဲ မင်းချစ်နေရမယ် Rubah (ခ) မင်းနေရိုင်း