မိုးရာသီရောက်နေတာဆိုတော့ မိုးလေးအေးအေးနဲ့က စာသင်ခန်းထဲမှာ အိပ်ငိုက်စရာပင်။ အထူးသဖြင့် အတွက်ပိုင်း အချိန်လေးမှာပေါ့။
ခုလဲ အတန်းချိန်မှာ ဆရာစာရှင်းတဲ့အသံကလွဲပြီး တတန်းလုံးက အိပ်ငိုက်နေသည့်ပုံဖြင့် ဘာသံမှ မထွက်ကြ။ လွန်း သူ့မ ဘေးခုံက Rubah ကို မသိမသာ ကြည့်လိုက်တော့ ဒင်းကလဲ တဖက်လှည့်ပြီး မှောက်အိပ်နေသည်။
"ရှင်းပြသွားတာ နားလည်ရဲ့လား?"
"ဟုတ် ဆရာ"
ပြန်ဖြေကြတဲ့အသံတွေကိုက အားရစရာမရှိ။
"မနက်ဖန် အိမ်စာထပ်မယ် "
"ဟာ!!! သွားပြီးကွာ"
ဆရာထွက်သွားသည်နှင့် တတန်းလုံး ငြီးငြူကြလေပြီး။ လွန်း စာအုပ်တွေ ပြန်သိမ်းဖို့ လုပ်တော့ Rubah က ချက်ချင်းကောက်ထိုင်လိုက်ကာ
"ခုနက ဆရာ ရှင်းပြတာ နားမလည်လို့ ပြန်ရှင်းပြပေးပါလား"
"ဟင်!!"
"ငါ မကြားလိုက်လို့"
ဘယ်ကြားမလဲ မှောက်အိပ်နေတာကို ခံပေါ့..
Rubah က လွန်းအတွေးတွေကို သိသည့်ဟန်ဖြင့်
"ညက အိပ်ရေးပျက်သွားလို့ပါ..ဘယ်လိုလဲ ရှင်းပြမယ်မလား?"
"ဘာဆိုင်လို့"
Rubah က လွန်း မျက်နှာနဲ့ နီးကပ်သည့်အထိ တိုးသွားလိုက်ကာ
"နင်နဲ့ငါက ဘော်ဒါတွေလေ ဒါလေးကိုတောင် မကူညီပေးနိုင်ဘူးလား"
လွန်း က သူမနဲ့ နီးကပ်စွာ ရှိနေသည့် Rubah ကြောင့် မျက်နှာကြီး နီရဲသွားရကာ တဖက်လှည့်လိုက်ပြီး
"အိုကေ အ့ဆို ညနေ ကျောင်းခေါင်မိုးထပ်မှာတွေ့မယ်"
"အင်.. အော် လာရင်းနဲ့ Milk Vanilla တဘူး ဝယ်ခဲ့အုန်းနော်"
ပြောကာ ထထွက်သွားသည့် Rubah ကြောင့် လွန်း ဘာမှတောင် ပြန်ပြောချိန်မရလိုက်ပါ
......
တော်တော် ကောင်းကျိုးမပေးသည့် Rubah ။ စာလဲရှင်းပြရ အအေးလဲ ဝယ်တိုက်ပေးရသည်။ လွန်း milk vanilla အအေးဗူးကိုင်ကာ ခေါင်မိုးထပ်သွားတဲ့လမ်းမှာ ခက်ခက်နဲ့ သုတဟန်ကို တွေ့လိုက်ရသည်။
YOU ARE READING
မင်းငါ့ကိုပဲ ရွေးချယ်ရမယ် ဒါလင် !!!
Romanceမင်းနေရိုင်း+ရှင်းမွေ့လွန်း စတွေ့ကတည်းက အခုချိန်ထိ မင်းမျက်နှာကို ကြည့်လာတဲ့သူပါ darling ဒါကြောင့် မင်းကို ကိုယ် ရတဲ့နည်းနဲ့ ရအောင် ယူမှာမို့ ကိုယ့်ကိုပဲ မင်းချစ်နေရမယ် Rubah (ခ) မင်းနေရိုင်း