1 - Low key

1.6K 125 3
                                    

Us in the king size, keep it a secret
say i'm your queen now, i don't wanna leave this
Low low low low, low low low low key

သူတို့အိပ်ယာဘေးနားက Bluetooth box ကနေ ထွက်ပေါ်လာတဲ့ သီချင်းသံ အေးအေး ။
အိပ်ယာပေါ်က ဝတ်စလစ်နဲ့ သူငယ်ချင်း‌နှစ်ယောက်
ကလည်း မောပန်းစွာနဲ့ပဲ အနားယူရင်းငြိမ်သက်နေသည် ။

ဂျောင်ဂု ဆိုသူက ကုတင်ခေါင်းရင်းဘက်ကို ကျောမှီရင်း တက်တူးအပြည့်နဲ့လက်တစ်ဖတ်က သူ့ရင်ခွင်ထဲက တန်ဖိုးအရှိဆုံး သူငယ်ချင်းလေး ထယ်ယောင်း
ရဲ့ ဆံပင်အညိုရောင်ပွပွကို ပွတ်သတ်ပေးနေတယ် ။
စောင်တစ်ထည်တည်းကို အတူခြုံထားတာမလို့
ဂျောင်ဂုက သူ့ခါးအောက်အထိကိုသာ စောင်အဖြူ
ကိုခြုံထားပေမယ့် ထယ်ယောင်းရဲ့အတွက်တော့
ကျောပြင်ဖွေးဖွေးကိုပါ လုံအောင် ဆွဲတင်‌ပေးထားသည် ။

" ဂျောင်ဂု "

" ဟင် "

" ပျော်လား ငါနဲ့တူတူလုပ်ရတာ "

ကြွက်သားတွေပြည့်နေတဲ့ သူ့ရင်ဘတ်ကြီးကို
နှုတ်ခမ်းသားပါးပါးနဲ့ မထိတထိနမ်းကာ အီနေတဲ့
ထယ်ယောင်းက ပြွတ်စ် ကနဲအသံမြည်အောင်
နမ်းပြီး သူ့ကိုမော့ကြည့်လာပြီး မေးတော့ ဂျောင်ဂု
ကခပ်ဟဟ ရီ၏ ။

" အင်းးး မင်းကြောင့် ငါတခြားသူတွေကို
အိပ်ယာပေါ်ကို ဆွဲမခေါ်နိုင်တော့တဲ့အထိပဲလေ "

" ဟဟ အဲ့လောက်တောင်လား "

" အင်း မင်းပေးနိုင်တဲ့ ခံစားချက်တွေ
သာယာမှုတွေကတကယ် နတ်ပြည်ပဲ ထယ်ယောင်း "

ထိုအခါ ထယ်ယောင်းက ပြုံးရယ်ရင်း ‌အောက်ကိုလျှောဆင်းကာ တစ်ပတ်လှိမ့်လိုက်သည် ။ ထိုအခါ သူ့ရဲ့မှေးစေ့က ဂျောင်ဂုရဲ့ ပေါင်တံတွေပေါ်မှာ ။
ထို့နောက် နှုတ်ခမ်းဆူပြီး ကြွက်သားမာမာတို့ကို
လက်ညှိုးနဲ့ တို့ထိတို့ထိလုပ်ကာ ပြော၏ ။

" Workout လုပ်ရတာ အဲ့လောက်တောင် ကြိုက်လား ပေါင်တံကြီးတွေက အရမ်းအားကျစရာ
ကောင်းတာပဲ ငါတို့ငယ်ငယ်တုန်းက ကျောင်း
အားကစားပွဲတွေမှာ မင်းဘောင်းဘီအတိုဝတ်ပြီး
ဘောလုံးကစားရင် ငါအရမ်းသဝန်တိုရတာ "

" အခုဆိုရင် အချစ်လေးက ဒီပေါင်ပေါ်မှာ
ခဏခဏ တက်ထိုင်နေရပြီလေ "

FRIENDS with BENEFITSWhere stories live. Discover now