3 - Kitsch

601 51 7
                                    

It's our time
우린 달라, 특별한 게 좋아
Oh, what a good time
난 잘 살아, 내 걱정은 낭비야
니가 보낸 DM을 읽고 나서
답이 없는 게 내 답이야
(That's my style)
OOTD 하나까지 완전 우리답지
My favorite things
그런 것들엔 좀 점수를 매기지 마
난 생겨 먹은 대로 사는 애야
뭘 더 바래?
That's my style
(That's my style)

ထယ်ယောင်းရဲ့ earphones ထဲက တစ်စွန်းတစ
ထွက်နေတော့ သီချင်းသံလေးဖြစ်သည် ။ Pilates
session အပြီးမှာ ခနနားပြီး အိမ်ပြန်တော့မှာမလို့
အခုရောက်နေတဲ့နေရာရ နေရောင်ရနေတဲ့ဝရန်တာဘက်ကို ထွက်ရင်း ယောဂလေ့ကျင့်နေမိတာ ။ ကျန်တာထက်
သူများတွေလို အကြောအရမ်းပျော့ပျောင်းသူတဲ့အထဲ
မပါတာမလို့ အရမ်းပြင်းထန်တာတွေ‌ကိုတော့ ရှောင်ရှားမိသည် ။

" Hey! Taehyung "

" အောန် ဂျီမင်းပဲ  ဘယ်လိုလုပ်ရောက်လာတာလဲ "

" ငါခဏနေကျရင် Dance Studio ကိုသွားမလို့လေ
ဒါပေမယ့် လမ်းမှာအင်္ကျီဝယ်စရာရှိတာနဲ့ မင်းကိုပါ
ဝင်ခေါ်ဖြစ်သွားတာ "

" အင်းမ် အဲ့တာဆိုလည်း ငါဒီတစ်ကျော့ပြီးရင်
လာခဲ့မယ်နော် "

" အိုခေ "

ဂျိမင်းက လာခေါ်သည်မလို့ မြန်မြန်ဆန်ဆန်နဲ့တင်ပဲ
ပြန်ရတော့မည် ။ ကျန်နေသေးတဲ့ တစ်ကျော့ကို
စိတ်အေးအေးထားကာ ပြီးအောင်လုပ်ပြီး ဘေးမှာရှိတဲ့
အိတ်တစ်လုံးနဲ့ detox water ဘူး ကိုယူကာ အသိ
အမတို့ကိုနှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်တော့သည် ။
________________________________________

" အခုတလော အလုပ်ရော အဆင်ပြေလား
အခြေအနေဘယ်လိုရှိလဲ ထယ်ယောင်း "

" မဆိုးပါဘူး နောက်ပိုင်း ငါတို့နဲ့အတူတူ
အလုပ်တွဲလုပ်တဲ့ celebrities နဲ့ models တွေက
တော်တော် အဆင်ပြေတယ်လေ "

lover seat မှာထိုင်းနေရင်း lip gloss ဆိုးကာ
ပြန်ဖြေလာတဲ့ ထယ်ယောင်း စကားကို ဂျီမင်းက
ခေါင်းတငြိမ့်ငြိမ့်လုပ်ကာထောက်ခံသည် ။ အင်းလေ
ထယ်ယောင်းတည်ထောင်ထားတဲ့ cosmetics brand company က  အခုတလော လူငယ်တွေကြား
ရေပန်းစားနေပြီး review ကောင်းနေတဲ့အပြင် media control ကိုပိုင်နိုင်ပြီးသားမလို့ ပြောစရာကိုမလို‌တာပင် ။

" ဒါနဲ့ ဂျီမင် မင်းမနေ့က မြောင်ဒုံက ကွန်ဒိုကို
ဝယ်လိုက်ပြီဆို ဟုတ်လား "

FRIENDS with BENEFITSWhere stories live. Discover now