Part 1

1.4K 90 15
                                    

ကျောင်း၀န်းထဲကို ခြေချလိုက်တာနဲ့ ရင်ခုန်သံက မြန်လာသလို။ အရင်ကတည်းက ရင်းနှီးခဲ့‌တဲ့ကျောင်းကို ပါမောက္ခအနေနဲ့ ပြန်လာရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတော့။ ဂင်ဂျီ၀န်းမျက်နှာမှာ ပြုံးရိပ်ထင်သွားသလိုပဲ။

"ဟျောင်း"

အသံနဲ့အတူ အလင်းရဲ့ မြန်နှုန်းနဲ့ ရောက်လာတာက

"ဂယူဘင်း"

ဂျီ၀န်းနာမည်ဆုံးတာနဲ့ ဂယူဘင်းက သူ့ကို လာဖက်ကာ

"ဟျောင်း အများကြီးသတိရနေတာ"

"ဟျောင်းလည်း သတိရပါတယ်"

ဂျီ၀န်းပြန်ဖြေတုန်းမှာ

"ဟိုမှာ မက်သရူးဟျောင်းပဲ။ မက်သရူးဟျောင်း"

ဂယူဘင်းက လက်ပြရင်း လှမ်းခေါ်တော့ လှည့်ကြည့်ပြီး ချက်ချင်မျက်နှာတည်ကာ မကြားသလို တခြားဘက်ကို လျှောက်သွားတဲ့ ဆော့မက်သရူး။ ဂယူဘင်းက သူ့ကို အားနာသလိုကြည့်တော့ ဂျီ၀န်း ပြုံးကာ

"ထားလိုက်ပါ မက်သရူးက ဟျောင်းတို့ကို မမြင်လို့နေမှာပေါ့"

"ဟျောင်း ထွက်သွားပြီးတော့ မက်သရူးဟျောင်းက ကျောင်းမှာ နာမည်ကြီးလေ"

ဂျီ၀န် တတ်နိုင်သမျှ ပြုံးထားလိုက်ရကာ။

"ဂယူဘင်း အရင်ဖုန်းပဲမလား။ ဟျောင်းဆက်သွယ်မယ်လေ"

"ဟုတ် အတန်းထဲမှာတွေ့မယ်ဟျောင်း အဲ ပါမောက္ခ"

ရွှတ်နောက်ပြီး ပြေးသွားတဲ့ ဂယူဘင်းကိုကြည့်ရင်း သူပြုံးမိသွားတယ်။ ဒီကောင်လေး ရွက်နောက်နောက်လုပ်တတ်တာက မပြောင်းလဲပေ။ တကယ်တော့ သူလည်း ပြောင်းလဲတာတွေများပေမယ့် မပြောင်းလဲတဲ့အရာတွေ အများကြီးပဲမလား။ လုံး၀ မပြောင်းလဲတာကတော့ ဆော့မက်သရူးဆိုတဲ့ ကောင်လေးအပေါ်ထားတဲ့ သူ့ရဲစိတ်။ မပြောင်းလဲဘူး မက်သရူး။ မပြောင်းလဲသလို အရာရာကို အရင်အတိုင်း သူ့နေရာသူပြန်ထားမှာ ဟျောင်းကို မယုံဘူးဆိုတဲ့ ကောင်လေးကို ယုံလာအောင်လည်း သက်သေပြမှာမို့။

------++++++------

ဖြတ်ခနဲ မြင်လိုက်ရတဲ့ ပုံရိပ်တောင် ခေါင်းထဲက မထုတ်နိုင်။ နှစ်နှစ်ဆိုတဲ့ အချိန်က မေ့ဖို့ မလုံလောက်သေးတာဆိုတာ သိရတော့ ခင်ဗျားကို ပိုမုန်းနိုင်အောက်ကြိုးစားရမှာပေါ့ ဂင်ဂျီအွန်း။ ရင်ဘတ်ထဲက ဒဏ်ရာက လတ်လတ်ဆတ်ဆတ်နာကျင်ရတုန်း။ အခုမှ ပြန်လာပြီး ဘာလုပ်ချင်မှန်းမသိပေမယ့် ခင်ဗျား စွန့်ပစ်ချင်သလို စွန့်ပစ်ခဲ့တဲ့ ဆော့မက်သရူးက အတိတ်မှာ ကျန်ခဲ့ပြီ။ ဟျောင်းကို စောင့်ပေးပါ့လားတဲ့ ကျွန်တော်က ဘာကို ယုံပြီးတော့လဲ။ ခင်ဗျား ကျွန်တော့်လက်ကို ဖြုတ်ပြီးထွက်သွားခဲ့ကတည်းက ကျွန်တော်ဟာ ခင်ဗျားစွန့်ပစ်လိုက်တဲ့ ပစ္စည်းဖြစ်သွားပြီမို့ နောက်ထပ် ဘယ်သူ့ဆီကမှ အထူးသဖြင့် ခင်ဗျားဆီက။ မုန်းတယ်ဆိုတာထက် ပိုတဲ့ စကားရှိရင် ခင်ဗျားအတွက်သုံးတယ် ဂင်ဂျီ၀န်း။

အမုန်းသည် ပန်းဖြစ်စေWhere stories live. Discover now