တဖြည်းဖြည်းရင်းနှီးလာလေ ဆော့မက်သရူး ချစ်ဖို့ကောင်းတာတွေ ပိုသိလာရလေမို့ လူက ဆော့မက်သရူးဆိုတာနဲ့ နေထိတဲ့ နှင်းလို အရည်ပျော်ရကာ။ မက်သရူးဘက်ကလည်း သူကြိုးစားမှု့ကို အသိအမှတ်ပြုလာသလိုလိုရှိလာတော့ အပျော်တိုင်းက နှစ်ဆတိုးတယ်။
"ဆရာ မနက်ဖြန် အတန်းပိတ်ပေးလို့ရလား"
"ဟျောင်း လို့ ခေါ်ရင် ပိတ်ပေးမယ်'
"ခင်ဗျာ"
"နားက လေးသွားတာလား"
"အမ် မဟုတ် ဟို ဆရာက "
"မနက်ဖြန် မပိတ်ဘူး"
"ကျွန်တော် ကိစ္စလေးရှိလို့ပါ ဟျောင်း"
"အင်း မနက်ဖြန် ပိတ်ပေးမယ်"
"ဗျာ ဟို"
"မပိတ်ဘဲနေရမလား"
"ဟုတ် မဟုတ်ဘူး ကျေးဇူးတင်ပါတယ် ဟျောင်း"
ဂျီ၀န်းပြုံးလိုက်မိတယ်။
"မနက်ဖြန် ပိတ်ချင်ရတဲ့ အကြောင်းလေး ပြောပါဦး။"
"မေမေတို့ပြန်မှာမို့ လေဆိပ်ကို လိုက်ပို့ချင်လို့"
"ဪ"
ဂျီ၀န်းခေါင်းညိတ်လိုက်တော့
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဟျောင်း"
ဘယ်လောက်တောင် နူးညံ့တဲ့ ကောင်လေးလဲ။
ရင်နှီးမှု့ရော မေတ္တာရော တစ်ဆင့်တက်ဖို့ ကြိုးစားဖို့သာ ကျန်တော့တာမို့ ဂျီ၀န်း အများကြီးကြိုးစားတဲ့ အခါ မက်သရူးဘက်ကလည်း ဟျောင်းလို့ခေါ်ပေးပြီး မရီရတဲ့ ဟာသတွေ လိုက်ရယ်ပေးတဲ့ အထိ တိုးတက်လာတဲ့အခါ မက်သရူး စာမေးပွဲနားနီးနေလေပြီ။
ဒီနေ့ စာသင်တာ နောက်ဆုံးနေ့မို့ ဂျီ၀န်းစိတ်တွေ လေးလံနေတယ်။ ဆော့မက်သရူးအပြုံးကို နေ့တိုင်းမတွေ့ရဘူးလို့ သိတဲ့အသိ နှလုံးသားကို တူနဲ့ထုပြီး မီးကင်နေသလို နာလည်းနာတယ်။ ပူလည်းပူတယ်။ မက်သရူး မျက်နှာကိုသာ ခဏခဏကြည့်နေမိတော့
"ဟျောင်း ကျွန်တော့်ကို ပြောစရာရှိလို့လား"
အဲ့လို အရိပ်အကဲ့သိနေတာ မြန်တဲ့ကောင်လေးက ဟျောင်းအချစ်ကိုတော့ ခုထိ မရိပ်မိနေတာလားဆိုပြီး မသိမသာ သက်ပျင်းချမိပေမယ့် စာမေးပွဲကြောင့် ခေါင်းကိုက်နေရတဲ့ မက်သရူးကို သူကပါ အတွေးမများစေချင်တာမို့

YOU ARE READING
အမုန်းသည် ပန်းဖြစ်စေ
Fanfictionပြတ်သွားတဲ့ ရည်စားကို သံယောဇဉ်မပြတ်သေးတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ သိချင်မိရင်တော့ ဖတ်ပေးမယ့် တစ်ယောက်ချင်းစီကို ချစ်ပါတယ်နော်