ဧဒင်ဥယျာဉ်မှ မြတ်နိုးရပါသော အကြင်သူသည်
အချစ်သစ်ပင်အောက်တွင်
ကိုယ့်ရဲ့ နှလုံးသည်းခြေ ရေသောက်မြစ်မှ အရင်းခံ၍
-မေတ္တာရိပ်ဖြင့်အေးချမ်းစေ
-ဂရုဏာလေညှင်းဖြင့် လန်းဆန်းစေ
-အကြင်နာ ရောင်ခြည်ကြောင့် နွေးထွေးစေခေတ္တနားခိုပြီး လှည့်ထွက်သွားစေကာမူ
အဘယ်သို့သော အချင်းအရာကိုမျှ တတ်နိုင်ရန်အလို့ငှာ မစွမ်းသာသည့်တိုင်
အဆုံးစွန်သော အေးချမ်းမှုကိုသာ ပေးစွမ်းလိုသူရယ်ပါလေကြင်နာသူအတွက် ရည်ရွယ်လျက် သစ္စာပန်းတို့ကိုသာ ချစ်သက်လက်ဆောင်အဖြစ် ပန်ဆင်ပါလေ...
.
.
.
ဟိုက်ဂရာ၁၄. ၅. ၂၀၂၃ (၃:၄၁)
YOU ARE READING
သက်ဆိုင်သူသို့ စာတိုများ ( intro )
Randomhello စာဖတ်သူတို့ရေ... ကိုယ်က အရင်က ဝတ္ထုတစ်ပုဒ်ရေးဖူးခဲ့ပေမယ့် လေ့လာနေဆဲဖြစ်တာရော တစ်ခြားပြဿနာလေးတွေရှိခဲ့လို့ ဆက်မရေးဖြစ်တော့တာမို့ စာဖတ်သူတို့ကို တောင်းပန်ပါတယ် ကိုယ်တိုင်က ဇာတ်သိမ်းမလှတာတွေကို ကြိုက်ပေမယ့် တကယ်ပဲ ဇာတ်သိမ်းမလှတဲ့အခါ ဝမ်းနည်းရတယ်...