၄။ ဖြစ်တည်မှု (ဦးဝေ)

7 1 0
                                    

"ဦးဝေက သစ်ခွပန်းတွေကို ဘာလို့ကြိုက်တာလည်း"
"သစ်ခွပန်းဖြစ်လို့"

ဒီလိုပဲ တစ်ချို့သော မြတ်နိုးခြင်းတွေမှာ အကြောင်းပြချက်မလိုဘူး
တစ်ခုတည်းသောအကြောင်းပြချက်က အဲ့ဒီအရာ
အဲ့ဒီလူ ဖြစ်နေလို့ပဲ

သစ်ခွပန်းကို ဘာလို့ကြိုက်လည်း
- ပဉ္စလက်ဆန်တဲ့ အပွင့်ဆန်းဆန်းတွေကြောင့်လား
- အရောင်စုံအောင် ပွင့်ဖူးတတ်ကြလို့လား
- အနံ့မရှိလို့လား

တစ်ကယ်လို့သာ အကြောင်းပြချက်တွေရှိနေခဲ့ရင်
အဲ့အကြောင်းပြချက် ပျောက်ကွယ်သွားတဲ့အခါ မနှစ်သက်တော့ဘူး

* ရနံသင်းပျံ့သည်ဖြစ်စေ၊
   ရနံ့ကင်းမဲ့သည်‌ဖြစ်စေ
* အရောင်သွေးစုံသည်ဖြစ်စေ၊
   တစ်ရောင်တစ်သွေးသာ ပွင့်ဖူးသည်ဖြစ်စေ
* မိခင်အပင်ပေါ်မှာ ဝေဆာနေသည်ဖြစ်စေ၊
   မြေမဟီသို့ ကြွေခသွားသည်ဖြစ်စေ
* လန်းဆန်းတင့်တယ်နေသည်ဖြစ်စေ ၊
    နွမ်းလျ ခြောက်သွေ့နေပါစေ
သစ်ခွပန်းဖြစ်နေသရွေ့ မြတ်နိုးတယ်
တစ်ခုတည်းသော အကြောင်းပြချက်ဟာ
"သစ်ခွပန်း ဖြစ်နေလို့ပါပဲ"

#သက်ဆိုင်သူ #ဦးဝေ မှ စာသားကိုကောက်နုတ်ကိုးကားလျက်
.
.
.
ဟိုက်ဂရာ

၁၅.၅.၂၀၂၃ (၁၂.၃၉)

သက်ဆိုင်သူသို့ စာတိုများ ( intro )Where stories live. Discover now