ဝသန်ကာလ
၈လကြာမျှမရွာတဲတိတ်နေခဲ့သောမိုးမှာ မိုးဦးအစjulyလမှာအငြိုးနဲ့များရွာနေသလားထင်ရသည်'အိုကွယ် မိုးကလဲပိုသည်းလာလိုက်တာ'
'ဟုတ်ပ မမနုရယ် ကလေးတွေစိုရွှဲကုန်ကြပြီ အင်္ကျီတွေအပိုရောပါကျရဲ့လားမသိဘူး ဒီမိုးနဲ့ဖျားကြနာကျတော့မှာတော့မှာပဲ'
ကျောင်းထဲဝင်လာတဲ့ကလေးတွေကိုကြည့်ကာ
သနားဂရုနာသက်စွာနဲ့ဆိုနေတဲ့ ဆရာမနှစ်ဦး
သူတို့အမည်က ဒေါ် ခိုင်ရွှေစင်နဲ့ဒေါ်နုနုဝင်း
မိုးရေစိုနေတဲ့ကလေးတွေမှာကြွက်စုတ်လေးများနဲ့တောင်မကွာတော့ပေ'မင်္ဂလာပါတီချယ်'
မိုးဘယ်လောက်ပဲသည်းနေပါစေ ကလေးတွေကဆရာ ဆရာမကိုနှုတ်ဆက်ဖို့ဘယ်တော့မှမမေ့ကြပေ
'အယ်'
'ဟော'
ခိုင်တို့နှစ်ယောက်လုံးကိုအဲ့သြသွားစေတဲ့ကလေးမလေးတစ်ဦး အပေါ်ကကျောင်းအင်္ကျီအဖြူဝတ်ထားသော်လည်း အောက်ကကျောင်းစိမ်းထဘီမဟုတ် jj ဘောင်းဘီအနီရောက်ဒူးကျနဲ့
ကျောပိုးအိတ်အလေးကြီးကိုလွယ်ထားတယ် ဂျိုင်းမှာလဲလက်ဆွဲအိတ်တစ်လုံးဆွဲထားပြီး လက်တစ်ဖက်က ထမင်းချိုင့်နဲ့ နောက်တစ်ဖက်ကထီးကြီးကိုင်ထားတယ် သူ့ကြည့်ရတာရေဘေးဒုက္ခသည်နီးနီးပင် ခိုင် သူမလေးဆီအပြေးသွားကာ ထမင်းချိုင့်နဲ့ထီးကိုပြေးကိုင်လိုက်တယ်'အထုတ်ကြီးအထုတ်ငယ်နဲ့ပါလားကလေးရယ်'
လူကောင်သေးသေးလေးနဲ့မှမလိုက်သယ်ပိုးထားတာတွေကိုကြည်ကာ ခိုင် ဂရုဏာသက်စွာဆိုမိတယ်
'ရပါတယ်တီချယ်ရဲ့ နိုင်ပါတယ် ပေး'
ဟုဆိုကာ ခိုင့်လက်ထဲကသူ့ဂျိုင့်ကိုပြန်တောင်းတယ် ဒါပေမဲ့သူ့ဂျိုင်းကချိတ်ထားတဲ့အိတ်ကလျောကျကာတစ်ယောက်ထဲအိတ်တွေနဲ့ပွဲဖြစ်နေတဲ့ထိုကလေးမကို ရီချင်လာတယ်
'ကလေးက ဘယ်အဆောင်ကလဲ အထက်တန်းဘက်ကလား'
'ဟုတ်တီချယ် ၁၀ တန်းကပါ'
YOU ARE READING
အသက်တမျှ(Complete)
Romance'ချစ်တယ် နဲ့ချစ်ခဲ့တယ်ကဘာကွာလဲသိလား' 'ချစ်တယ်ဆိုတာ ပစ္စုပ္ပန်ဖြစ်ပြီး ချစ်ခဲ့တယ်ကအတိတ်ပါ' 'မင်းကိုတို့ချစ်ခဲ့တယ်ကလေးမ မင်းကအတိတ်မှာကျန်ခဲ့ပြီ'