Final part

12.9K 453 28
                                    

'ကျော်ကျော် ငြိမ်ငြိမ်နေစမ်းဟယ်'

ခြေတုန်လပ်တုန်နဲ့ ကျော်ကျော့်ကိုမျက်စိနောက်စွာဆိုမိတယ်

'လာထိုင် နေ ရွစိရွစိလုပ်နေတာ ချွေးထွက်ရင်အလှပျက်လိမ့်မယ်'

'ချစ် ချစ်'

'ဟေ'

'ငါ့ပါးစပ်အနံကောင်းရဲ့လား သွားပါ ၂၀လောက်တော့တိုက်ထားတာပဲ'

'ဘာလို့လဲ'

'နမ်းလို့ရပါပြီလို့ပြောလို့နမ်းရင် အနံမနံအောင်'

'အေးအေး  မွှေးတယ်'

'ကိုင်ကြည့်စမ်း ငါရင်တွေအရမ်းတုန်နေတာ'

ချစ်ရဲ့လက်ကိုကိုင်ကာ သူဘယ်ဘက်ရင်ဘက်ပေါ်တင်ကာစမ်းစေတယ် ဟုတ်ပါရဲ့ သူရင်တွေအရမ်းတုန်နေတယ်

'နှလုံးငြိမ်ဆေးသောက်မလား'

'အင်း ပေး'

ဆေးကိုမြန်မြန်သောက်ချတယ်

'အဆင်ပြေသွားပြီလား'

'နဲနဲ

'နဲနဲ မနေနဲ့ ပွဲစပြီ သွား'

ကျော်ကျော်နဲ့ဇူးဇူးတို့ရဲ့မင်္ဂလာပွဲလေးပင် မိသားစုဝင်တစ်ချို့ အသိတစ်ချို့နဲ့သာကမ်းခြေမှာ မင်္ဂလာပွဲလေးလုပ်ဖြစ်တယ်
ချစ်က ဂါဝန်လေးနဲ့ပန်းကြဲရပြီး တီချယ်က အစီစဥ်ကြေညာသူလုပ်တယ် ဂတိကဝတ်ပြနေတုန်း ချစ်ကဘေးမှာရပ်နေတော့ တီချယ်က ချစ်နားကိုကပ်ကာ

'သိပ်လှနေတယ်နော် ကလေးမ'

'ဘယ်သူ့ချစ်သူမို့လို့လဲ'

'တို့ချစ်သူလေးမို့လို့ပေါ့ တို့လဲလက်ထပ်ချင်ပြီ ကလေးရော လက်မခပ်ချင်ဘူးလား'

'လက်ထပ်ချင်တယ် ဒါပေမဲ့ အေးဆေးပေါ့'

'အေးဆေးလို့မရဘူး မနက်ဖြန်သန်ဘက်ခါဆို တို့က၄၀ဖြစ်တော့မှာ ချစ် တို့နဲ့တူတဲ့ကလေးလေးမင်းမွေးပေးတာလိုချင်တယ်'

'လွေးနဲ့ခေးတို့ရှိနေပြီပဲ ကလေးထက်မလိုတော့ပါဘူးတီချယ်ရယ်'

အသက်တမျှ(Complete)Where stories live. Discover now