Ep-16

5K 421 22
                                    

မူးဝေမှု့များနဲ့ပိုးတစ်ယောက်နိုးထလာခဲ့တယ်

'အာ.. ငါ့ခေါင်း
အရက်သောက်တာလျှော့မှဖြစ်တော့မယ်
ဒါ ငါဘယ်ရောက်နေတာလဲ'

ဝေ့ဝိုက်ကြည့်မိကာမှ

'အချစ်ရဲ့တိုက်ခန်းပဲ
ငါဘာတွေလုပ်မိပြီလဲ'

ကိုယ့်ခေါင်းကိုပြန်ထုပြီးစဥ်းစားမိတယ်
အစီအရီပေါ်လာတဲ့ညကအဖြစ်အပျက်များ

'ဟာ သွားပြီ သွားပြီ'

ပိုးအခန်းထဲကနေပြေးထွက်လာခဲ့တော့ ဆိုဖာခုံပေါ်မှာထိုင်နေတဲ့ အချစ်

'အချစ်'

မို့အစ်နေတဲ့မျက်ခွံလေးတွေ

'ငိုထားတာလားအချစ်ရယ်
ညကအဖြစ်အပျက်တွေအတွက်တို့တောင်းပန်ပါတယ်နော် တို့ညကကိစ္စအတွက်တာဝန်အပြည့်အဝယူပါ့မယ် နော် '

'ကျေးဇူးပြုပြီး'

'အင်း'

'ချစ် ရှေ့ကနေပျောက်ကွယ်သွားပေးပါ'

'အချစ်'

'တောင်းဆိုပါတယ်'

'စိတ်ဆိုးနေမယ်ဆိုတာသိပါတယ် ဒါပေမဲ့ တို့ပြောတာနားထောင်ပေးပါ ညကပြောခဲ့တာတွေကမူးလို့သက်သက်မဟုတ်ပါဘူး တကယ်ပါ တို့အချစ်ကိုတကယ်ချစ်တာပါ ဒါကြောင့်ညကကိစ္စအတွက်လဲတာဝန်အပြည့်ဝယူမှာပါ အချစ်ဘက်ကစိတ်အဆင်ပြေမဲ့အချိန်ကြစကားပြောကြမယ်လေ နော် တို့အခုတော့ထွက်သွားပေးမယ်'

ခိုင်တစ်ညလုံးလဲအိပ်မပျော်ခဲ့ပါ

'Ting tong'

'ခေး  မမလွေးပြန်လာတာနေမယ်တံခါးသွားဖွင့်ပေးလိုက်'

သမီးလေးကမြန်မြန်ပြေးထွက်သွားပြီး ချက်ခြင်းဆူပုတ်ပုတ်မျက်နှာထားနဲ့ပြန်ဝင်လာတယ်

'သမီးဘာဖြစ်လာတာ သြော် '

မီးဖိုခန်းထဲဝင်လာတဲ့ခိုင့်ရဲ့တစ်ဦးတည်းသောသူလေး လက်ရှည်အင်္ကျီနဲ့ လည်ပင်းမှာလဲမာဖလာပတ်ထားတယ်

'မိုးရာသီကမာဖလာပတ်ရလောက်တဲ့ထိအေးနေလို့လား'

'သမီးလည်ချောင်းနာနေလို့တီချယ်'

အသက်တမျှ(Complete)Where stories live. Discover now