# Unicode
" မင်္ဂလာပါ ကလေးတို့ "
" မင်္ဂလာပါဆရာ "
" ကဲ ဆရာတို့ ဒီနေ့သင်ခန်းစာ____ "
" ဆရာ သမီးပိုက်ဆံအိတ်မရှိတော့ဘူး သမီးကန်တင်းမသွားခင် လွယ်အိတ်ထဲမှာသေချာထည့်ထားခဲ့တာကို "
" သမီးသေချာရှာကြည့်ပြီးပြီလား "
" ရှာကြည့်ပြီးပြီ ဆရာ ပိုက်ဆံအိတ်ထဲကပိုက်ဆံပြန်မရတာအကြောင်းမဟုတ်ပေမဲ့ ပိုက်ဆံအိတ်ထဲမှာ ဒယ်ဒီအရေးတကြီးခိုင်းထားတဲ့ ရှယ်ယာအကြောင်း မာမူရီကဒ် ပါသွားတယ်ဆရာ ဘယ်လိုလုပ်မလဲ ဒယ်ဒီသိရင်သေမှာ "
" သမီး အယ်လီနာ စိတ်အေးအေးထား ဆရာဖြေရှင်းပေးမယ် ဟုတ်ပြီးလား သမီး "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော်ဆရာ "
" ကဲ ကျောင်းသား ကျောင်းသူအားလုံး ကိုယ့်လွယ်အိတ်ကို ကိုယ့်ရဲ့ခုံပေါ်တင်ထား နောက်ပြီးရင်လက်တွေကိုခေါင်းပေါ်တင်ထား ဆရာစစ်လို့ပြီးတဲ့သူ့ Whiteboard ရှေ့ကိုထွက်မယ် ပြီးတော့ ပတ်ခ်မင်ယော့ မင်းကမိန်းကလေးတွေလွယ်အိတ်ကိုစစ် ကင်မ်ထယ်ထယ်သမီးက ယောင်္ကျားလေးတွေလွယ်အိတ်ကိုစစ် "
" ဟုတ်ကဲ့ "
" မင်ယွန်းဂီ လွယ်အိတ်မှာမရှိပါဘူး
ပတ်ခ်မင်ယော့ လွယ်အိတ်မှာလည်းမရှိပါဘူး
ဟာယူဂျင်း လွယ်အိတ်မှာမရှိဘူး
ယောင်္ကျားလေးတွေအားလုံးရဲ့လွယ်အိတ်ထဲမှာမရှိပါဘူး ဆရာ "" မင်ယော့ရောမတွေ့ဘူးလား "
" အယ်လီနာ ဒါနင့်ပိုက်ဆံအိတ်လား "
" ဟုတ်တယ် အဲ့တာငါ့ပိုက်ဆံအိတ် "
" ဘယ်သူ့လွယ်အိတ်ထဲကတွေ့တာလည်း မင်ယော့ "
" ဂျူဟယ် လွယ်အိတ်ထဲကပါ ဆရာ "
" မဟုတ်ဘူး မဟုတ်ဘူးဆရာ သမီးခိုးတာမဟုတ်ဘူး အယ်လီနာပိုက်ဆံအိတ်သမီးလွယ်အိတ်ထဲဘယ်လိုရောက်နေလဲဆိုတာ သမီးမသိပါဘူးဆရာ တကယ်ပါ "
" နင့်မခိုးဘဲ ငါ့ပိုက်ဆံအိတ်ကနင့်ဆီဘယ်လိုရောက်နေမှာလဲ သခိုးမရဲ့ "
" နင့်တကယ်ပဲ အယ်လီနာပိုက်ဆံအိတ်ကိုခိုးတာလား ဟာဂျူဟယ် မထင်ရဘူးပဲ ရုပ်လေးနဲ့မှမလိုက် "
YOU ARE READING
ፕ𝘩𝑒 ፕ𝑤𝑖𝑠𝑡
Romance" မင်းကို ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်မုန်းတယ် " " ကျွန်မကတော့ ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်ချစ်တယ် " " မင်းကို ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်မုန်းတယ် " " ကျွန်မကတော့ ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်ချစ်တယ် " Stard-May15,2023 End-?