# Unicode
" လမ်းခွဲရအောင် မင်ယွန်းဂီ "
" ဘာလို့လဲ ဟာဂျူဟယ် "
" အကြောင်းပြချက်ပေးဖို့လိုလို့လား "
" အဲ့လိုမဟုတ်ပေးမဲ့ ဘာလို့လမ်းခွဲချင်တာလဲဆိုတာတော့သိခွင့်ရှိမလား "
" ဘာလို့လဲဆိုတော့ ကျွန်မရှင့်ကိုဘယ်တုန်းကမှမချစ်ခဲ့လို့ "
" ဘာ "
" ရှင့်သိလား ကင်မ်ထယ်ထယ်ကလေ ရှင့်ကိုအသည်းခွဲပေးဖို့ကျွန်မကိုပြောခဲ့တာ အဲ့တာလုပ်နိုင်ရင် ကျွန်မကို Londonမှာအခြေချနိုင်အောင်လုပ်ပေးမယ်ဆိုပြီးတော့လေ "
" မင်းတို့ကငါ့ကိုကစားစရာလို့သတ်မှတ်ခဲ့တာလား "
" အဲ့လိုဖြစ်သွားရင် ဆောရီး မင်ယွန်းဂီ "
" မင်းလည်းတူတူပဲ ေ စာက်ဆံမက်တဲ့မိန်းမ "
" ရှင့်ထင်လား ကျွန်မကရှင့်လို့ငမွဲနဲ့လက်ထပ်မယ်လို့လေ "
" ဟာဂျူဟယ် "
" ကျွန်မဒီနေ့ပဲ London သွားတော့မှာ နှုတ်ဆက်ခဲ့ပါတယ် မင်ယွန်းဂီ အော ဒါနဲ့ ကင်မ်ထယ်ထယ်ကရှင့်ကိုအသေအလဲချစ်နေတာနော် "
" တောက်စ် ".
ထွက်သွားတဲ့ကောင်မလေးကမဲ့ပြုံးပြုံးနေတာကိုမင်ယွန်းဂီ မြင်ခဲ့မယ်ဆိုရင် ;
___________________&____________________
" ကင်မ်ထယ်ထယ် "
ဖြန်း !
Elena " မင်ယွန်းဂီ နင့်ဒါဘာလုပ်တာလဲ "
ကျွန်မ သူ့သူငယ်ချင်းတွေနဲ့ကန်တင်းမှာထိုင်ရင်းစကားပြောနေတုန်း မင်ယွန်းဂီခေါ်လို့ကြည့်လိုက်တော့ ကျွန်မကိုဒေါသတကြီးကြည့်ကာ ပါးရိုက်လိုက်သောမင်ယွန်းဂီကြောင့် ကျွန်မကြောင်သွားမိသည်။
ကန်တန်းကလူတွေလည်းကြည့်နေသည်မို့တော်တော်လေးရှက်မိသည်။
ကျွန်မကိုဒယ်ဒီတောင်မှာအခုချိန်ထိကြမ်းကြမ်းတမ်းတမ်းမရိုက်နှက်ဖူးဘူး။
ရှင့်ပထမဦးဆုံးပဲမင်ယွန်းဂီ။
ကျွန်မနှလုံးသားကိုခိုးသွားတာ
ကျွန်မအချစ်တွေအားလုံးကိုယူသွားတာ
ကျွန်မအသားကိုနာအောင်လုပ်တာ
ရှင့်ပထမဦးဆုံးပဲ ။
YOU ARE READING
ፕ𝘩𝑒 ፕ𝑤𝑖𝑠𝑡
Romance" မင်းကို ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်မုန်းတယ် " " ကျွန်မကတော့ ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်ချစ်တယ် " " မင်းကို ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်မုန်းတယ် " " ကျွန်မကတော့ ဟောဒီရင်ဘတ်ကြီးနဲ့ သေအောင်ချစ်တယ် " Stard-May15,2023 End-?