သူမ၏အမေသာ အသက်ရှင်နေသေးရင် သူ့မကို ဘယ်သူကိုမှ ဒီလိုဆက်ဆံခွင့် မပေးဘဲ အမေက သူမကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဂရုစိုက်ပေးလိမ့်မယ်။ အစောကြီးဆုံးပါးသွားတဲ့ သူ့အမေက အဒေါ်ဖန်ရဲ့ အသတ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်ခဲ့မှာ မဟုတ်ဘူး ။
အဒေါ်ဖန်သည် သူ့အမေရှေ့တွင် ညင်ညင်သာသာနှင့် တိတ်တိတ်ဆိတ်ဆိတ် ပြုမူလေ့ရှိသောကြောင့် သူမသည် မြွေများထက်ပင် ပိုရက်စက်မည်ကို သူမ စိတ်ကူးမယဉ်နိုင်ပေ။
သူမ မသေဆုံးခင်အထိပင် မိခင်ဖြစ်သူ၏ အမှန်တရားကို ရှာမတွေ့ခဲ့ပေ။ သူမ မသေဆုံးမီတွင် ထိုအရာများကို မို့ရွှမ်မင်က သူမကို မပြောခဲ့ဘူးဆိုရင် သူမရဲ့ နောက်ဆုံးဘဝရဲ့ အဖြစ်ဆိုးတွေအားလုံးက အဲဒီ ရက်စက်တဲ့ မိန်းမကြောင့် ဖြစ်ပေါ်လာတယ်ဆိုသည့် အမှန်တရားကို သူမ ဘယ်လိုမှ သိခဲ့မှာမဟုတ်ဘူး ။
အဒေါ်ဖန်၏အကြံအစည်များကို နားလည်သည့် ဘုရားသခင်က သူမအား ဒုတိယအသက်ကို ပေးခဲ့ခြင်းမှာ ကံကောင်းပါသည်။ ဒီဘဝတွင် ဘယ်သူ့ကိုမှ အလွတ်မပေးဖို့ သူမဆုံးဖြတ်ခဲ့တယ်။ သူမသေသွားရင်တောင် သူ့အမေအတွက် အရင်လက်စားချေရမယ်။
သူမသည် ဤဒုတိယဘဝ၏အခွင့်အရေးကို ကလဲ့စားချေရန် အသုံးချပြီး သူမ၏နောက်ဆုံးဘဝတွင် သူမနှင့်သူမ၏မိခင်အတွက်အကြွေးတင်သူအားလုံးကို အကြွေးရောအတိုးပါ ပြန်တောင်းမည် ဖြစ်သည် ။
သူမနှုတ်ခမ်းကို သွားများဖြင့် တင်းတင်းကိုက်ကာ မျက်လုံးများတွင်း ဝမ်းနည်းရိပ်သန်းနေသော်လည်း မငိုဘဲ ဘုရားရှေ့တွင် လေးလေးနက်နက် ဒူးထောက်လိုက်သည်။ သူမ လက်ဖဝါးနှစ်ဖက်ကို ရိုသေစွာ အုပ်ချီထားပြီး မျက်လုံးများကိုမှိတ်ကာ "အမေ၊ သမီးကို ကောင်းချီးပေးပါ ။ သမီးတို့ကို ရက်စက်ခဲ့တဲ့ အဒေါ်ဖန်နှင့် မို့ရွှမ်မင်တို့ကို ကောင်းစွာ ကလဲ့စားချေပြီး သူတို့ကို အဆုံးသတ် မကောင်းစေရဘူး ။ သမီးတို့အကြွေးကို သူတို့ဆီက သေချာပေါက်ပြန်တောင်းရမယ် " လို့ တိုးတိုးလေး ပြောလိုက်တယ်။
ထိုအရာသည် သူမ၏မိခင်ဆန္ဒအတွက်သာမက သူမကိုယ်တိုင်အတွက်ပါ ချမှတ်ထားသည့် ပန်းတိုင်တစ်ခုဖြစ်သည် ။ သူတို့၏ ကောင်းမွန်သောအဆုံးသတ်ကို သူမ ခွင့်မပြုနိုင်ပေ။ ဤဘ၀တွင် သူမသည် ချမ်းသာခြင်း နှင့် ကျော်ကြားမှုကို မလိုချင်ဘဲ သူမ၏ မိခင်နှင့် သူမအတွက်သာ လက်စားချေလိုခြင်း ဖြစ်သည်။
ESTÁS LEYENDO
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Acción( Zawgyi Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြော...