"အုံမှိုင်းနေတဲ့ ကောင်းကင်ကြီး အောက်မှာ
မှော်ဆန်တဲ့ တွေ့မှုနဲ့
ကံကြမ္မာရယ် ဖန်လာခဲ့သည်။''ယွန်းဂျီနာတစ်ယောက် ကျောင်းကအပြန် အိမ်အနီးနားက စတိုးဆိုင်ကို ဝင်ပြီး ညနေစာအတွက်ခေါက်ဆွဲထုတ်ဝယ်သည်။ စားလို့ကောင်းမယ်လို့ထင်တဲ့ ခေါက်ဆွဲထုပ်ကို ယူပြီး ငွေရှင်းကောင်တာသို့ သွားကာ ငွေရှင်းလိုက်ပြီးနောက် ဆိုင်ထဲက နေထွက်လာလိုက်သည်။
အိမ်အပြန်လမ်းအချိုးလေးကိုရောက်တော့ အဖိုးအိုတစ်ယောက် လဲကျနေတာတွေ့သဖြင့် ဂျီနာပြေးပြီးသွားထူလိုက်သည်။
''အဖိုး! သတိထားပါအုန်း''
ဂျီနာလည်း ရုတ်တရက်မို့ ဘာလုပ်ရမှန်းမသိ မေ့မျောနေသယောင်ရှိသော အဖိုးအိုအား ပုခုံးလှုပ်ကာနှိုးသည်။
သေသွားပြီလားမသိဘူး လက်ညိုးကို နှာခေါင်းနားကပ်ကြည့် တော့ ဝင်သက်ထွက်သက်ရှိသေးသည်။ မသေသေးဘူးဟ
''အဖိုး! ထပါအုန်း''
ဂျီနာလည်း အဖိုးအိုကို လမ်းထောင့်ရှိ ဓါတ်တိုင်တွင် မှီထားလိုက်ပြီး အဖိုးအို၏ ပုခုံးကို ခပ်မြန်မြန်လှုပ်နှိုးလိုက်သောအခါ အဖိုးအိုသည် မျက်လုံး ခပ်မှေးမှေးပွင့်လာပြီး ဂျီနာကို ကြည့်ကာ တုန်ယဉ်သောအသံဖြင့် စကားပြောလာသည်။
''သမီးလေး~~~ ဒီအ..အရုပ်ကလေးကို ယူ...ယူသွားပေးပါ အ..အကူညီတောင်းပါတယ်''
အဖိုးအိုသည် ဂျီနာအား သူ၏လက်ထဲတွင်ရှိသော အခွံမာသီးကိုညှပ်နိုင်သည့် အရုပ်လေးတစ်ရုပ်ကိုကမ်းပေးလာသည်။ ဂျီနာလည်း ယူပြီးရင် ပြီးရောဆိုပြီး ဒီတိုင်းပဲယူထားလိုက်သည်။ ပြီးနောက် အဖိုးအို၏ မျက်နှာတွင် စိတ်သက်သာရာရသွားဟန် အပြုံးပေါ်လာကာ နောက်တစ်ခါ မေ့သွားသည်။ ဂျီနာလည်း ကပျာကယာဖြစ်သွားကာ နီးစပ်ရာကို အကူအညီတောင်းရန် ပြေးသွားပြီး အနီနားရှိလူတစ်ယောက် နှစ်ယောက်ကိုခေါ်ကာ ပြန်လာသည်။
''ခုနက ဒီမှာရှိနေခဲ့တာလေ''
ဂျီနာခေါင်းရှုပ်သွားသည် လူတွေကို အကူညီတောင်းပြီးပြန်လာတော့ ခုနက အဖိုးအိုသည် သူတွေ့ခဲ့သောနေရာတွင် မရှိတော့ချေ။ ဘယ်ရောက်လို့ရောက်သွားမှန်းမသိ ပျောက်သွားသည်။
YOU ARE READING
The nutcracker
Fantasyကလေးဆန်တဲ့ ပုံပြင်လေးကို ပေါ့ပေါ့ပါးပါး ဖတ်ချင်ရင် ဖတ်ကြည့်ကြပါလား?❄❄❄