ထယ်ယောင်း ရဲ့စကားကို ဂျီနာလက်ခံလိုက်မိသည်။ ထယ်ယောင်းက သူ့ကို လိမ်မပြောလောက်ပါဘူး ဟုတွေးမိသည့်အပြင် မင်းသားလေးဟာ သူ့ကို အန္တာရယ်မဖြစ်စေလောက်ပါဘူး ဟုတွေးမိသလို ဒီလူကို ရင်းနှီးနေသလိုလဲ ခံစားလိုက်ရတယ်။
ထယ်ယောင်းသည် အိမ်ခန်းပြတင်းပေါက်နားကို သွားကာ သူ့ရဲ့ညာဘက်လက်ကို ဝှေ့ရမ်းလိုက်သည်။ ထိုအခါ ဂျီနာရဲ့ အိမ်ခန်းပြတင်းပေါက်၏အပြင်ဘက်၌ နှင်းလမ်းတစ်ခုပေါ်လာတယ်။ နှင်းလမ်းမှာ လေပေါ်၌ပေါ်နေတာဖြစ်ပြီး နှင်းမှုန်တို့ဖြင့်ခင်းကျင်းထားသည်။
''ကိုယ့်တိုင်းပြည်ကို သွားကြတာပေါ့ မိန်းကလေး''
ထယ်ယောင်းသည် ထိုစကားကိုပြောပြီး ဂျီနာရဲ့လက်ကို ကိုင်ကာ နှင်းလမ်းပေါ်ကို တက်သွားသည်။ ဂျီနာလည်း အစက ကြောက်နေပေမဲ့ ထယ်ယောင်းရဲ့ လက်ကို ဆွဲကာ နှင်းလမ်းပေါ်တက်သွားလိုက်သည်။ ဂျီနာတို့နှစ်ယောက်နှင်းလမ်းပေါ်၌လမ်းလျှောက်နေခိုက် ဂျီနာ အောက်သို့ငုံကြည့်လိုက်သည့်အခါ သူနေထိုင်တဲ့မြို့ကို လှပစွာတွေ့ရသည်။ ညဘက်တွင် မီးရောင်ထိန်ထိန်တို့လင်းနေကာ မကြာမီရောက်လာတော့မည့် ခရစ်စမတ်ကို ကြိုဆိုနေကြသည်။ မြို့၏ အလယ်တွင် ကြီးမားလှသော ထင်းရှူးသစ်ပင်ကြီးတစ်ခုကို မီးရောင်စုံခြယ်ထားကာ ထိပ်ဖျား၌ ကြယ်ပုံသဏ္ဍန်အဖြူရောင်မီးကို တပ်ဆင်ထားသည်။ မြို့ကြီးမှာ ညချိန်ခါ ဖြစ်၍ တိတ်ဆိတ်စွာနှင့် အဖြူရောင်နှင်းတို့သည် မြို့၏ နေရာအနှံအပြားတွင် ဖုံးလွှမ်းနေသည်။ ကောင်းကင်ပေါ်မှ ပြေးဆင်းလာသောညနှင်းဖြူတို့ကြောင့်လည်း ညပတ်ဝန်းကျင်မှာ လှပနေသည်။
''ဒါနဲ့ ရှင်က ကျမကို ဘယ်လိုသိတာလဲ''
''မင်းက ကိုယ့်ရဲ့ ချစ်ရသူလေ''
ဟ! ဒီလူကြီး ဘာတွေပြောနေတာလဲ...
ဂျီနာရဲ့ မျက်နှာကပူလာသလို ခံစားလိုက်ရသောကြောင့် ဂျီနာ မင်းသားလေးစီက မျက်လုံးလွှဲကာ ပတ်ဝန်းကျင်ကိုပဲ လျှေက်ကြည့်နေမိတော့သည်။ သူမရဲ့လက်ကို အကြည့်ရောက်သွားတော့လည်း သူမရဲ့လက်မှာ မင်းသားလေး၏လက်အကြီးကြီးထဲမှာ မြုပ်နေသည်။ ဂျီနာ အေးလှတဲ့ ေဆာင်တွင်းကြီးမှာ သူမရဲ့ပါးပြင်တွေ ပူသွားသလို့ခံစားလိုက်ရပြီး သူ့နှလုံးသားငယ်ဟာ တုန်လှုပ်သွားသည်။
YOU ARE READING
The nutcracker
Fantasyကလေးဆန်တဲ့ ပုံပြင်လေးကို ပေါ့ပေါ့ပါးပါး ဖတ်ချင်ရင် ဖတ်ကြည့်ကြပါလား?❄❄❄