Chapter 20 (Zawgyi)

85 2 0
                                    

Song Recommended- Every Second
Baekhyun (Record Of Youth OST)

"ကူကူး ဘာလို့ ထမင်းမစားပဲ ခေါက်ဆွဲပြုတ်တွေ စားနေတာလဲ..11နာရီတောင် ထိုးနေပြီကို
ထမင်းလာစား"

"စားဘူး...သား Dietလုပ်နေပါတယ်ဆို"

"နင့်ခန္ဓာကိုယ်က ဒီလောက်သေးနေတာကို..
ကြာရင် ပိန်တာရိုးဖြစ်သွားလိမ့်မယ်နော်"

"ပိန်တာရိုးဖြစ်တော့ မေမေက မချစ်တော့ဘူးလား"

ရှင်မင်းဆက် တစ်ယောက် ခေါက်ဆွဲပန်းကန်ကို
ကိုင်၍ အရှေ့နှင့် အနောက် ပတ်ပြေးနေသည်။
စားပွဲပေါ်တွင်တင်ထားသော ဖုန်းက တုန်ခါလာခြင်း မရှိပဲ ငြိမ်သက်နေသည်။ ခါတိုင်းဆိုလျှင်
ကိုကိုက ရုံးရောက်သည်နှင့် ဖုန်းဆက်တတ်သည်။ အရေးကြီးသည့် အစည်းအဝေးတွေ ပေါ်လာရင်တောင် Message‌တစ်စောင်ကတော့
ပို့မြဲ။

နေများမကောင်းလို့လား...ဟုတ်တော့ မဟုတ်လောက်ပါဘူးလေ...သူက ဒီလောက် ဒေါင်ဒေါင်မြည်တာကို...

အတွေးစတို့ကို ဖြတ်တောက်ကာ ထိုင်ခုံပေါ်တွင်
အကျအနထိုင်၍ အစုံပလုံထည့်၍ ပြုတ်ထားသော စားချင်စဖွယ် ခေါက်ဆွဲပြုတ်ကို
ဗိုက်ထဲသို့ အကုန်ထည့်သိမ်းတော့မည်ဟု‌
တွေးကာ ပါးစပ်ကိုအကျယ်ကြီးဟလိုက်စဉ်
ဖွင့်ထားသော TVရှိ သတင်းchannel တစ်ခုမှ
သတင်းတစ်ပုဒ်ကြောင့် လူက အလိုလို နားစွင့်မိသွားသည်။

"ယနေ့ မနက် ၁၀နာရီခွဲခန့်အချိန်တွင် Golden
Hotelရှေ့တွင် လူတစ်ယောက် ဓားထိုးခံရတဲ့
ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ နစ်နာသူဟာ
Golden Hotelရဲ့ CEOလို့ သိရပါတယ်"

ရှင်မင်းဆက် လက်ထဲမှ တူသည် စားပွဲပေါ်သို့
ပြုတ်ကျသွား၏။ သူ့ကိုယ်သူ မသိလိုက်ခင်မှာပင် တစ်ကိုယ်လုံး တုန်ယင်လာပြီး အိမ်ရှေ့သို့
ပြေးထွက်လာခဲ့မိတော့၏။

"ဟဲ့ ကူကူး ခေါက်ဆွဲပြုတ်စားလက်စကြီးကို
ဘယ်သွားမလို့လဲ.."

‌အနောက်မှ မေမေ၏လှမ်းအော်နေသံကိုပင်
မကြားတော့ပဲ သူ ဒုန်းစိုင်းပြေးနေမိသည်။
ဘယ်ကိုရောက်လို့ ဘယ်ပေါက်မှန်း မသိ။
သူ့စိတ်ထဲတွင် နာမည်တစ်ခုကိုသာ အထပ်ထပ်
ရေရွတ်နေခဲ့လေသည်။

Strawberry And Cigarette (ခတ်ေတရပျနား)Where stories live. Discover now