Chapter 29 (Uni)

88 4 0
                                    

"ကျွန်တော် အစ်ကို့ကို မသိပါဘူး.."

နီစွေးသော နှုတ်ခမ်းများမှ ထိုစကားကို ဆိုပြီးသည်နှင့် ရှင်မင်းဆက်သည် ဓာတ်လှေကားအတွင်းသို့ ဝင်သွားတော့သည်။

မော်ကွန်းဦးမြတ်လဲ အချိန်မဆွဲတော့ဘဲ
ပိတ်လုနီးပါးဖြစ်နေပြီဖြစ်သည့် ဓာတ်လှေကားကို လက်ဖြင့်ခံလိုက်ကာ အထဲသို့ ဝင်လိုက်သည်။
ရှင်မင်းဆက်က သူ့ကို မျက်လုံးတစ်ချက်သာ
လှန်၍ကြည့်လာပြီး နံရံထောင့်သို့ ကပ်သွားသည်။

သူက ၅ထပ်မြောက်ကိုသွားရန် ခလုတ်ကိုနှိပ်ရာတွင် ရှင်မင်းဆက်က သူ့ကိုထပ်မံ၍
ကြည့်လာ၏။

"ကိုယ်လဲ ၅ထပ်မြောက်ကိုသွားမှာ.."

ရှင်မင်းဆက်က သူပြောသည်ကို လုံးဝမသိဟန်ဖြင့် နံရံထောင့်သို့ ပို၍ပင် တိုးကပ်သွားလေသည်။

သူသည်လည်း ရှင်မင်းဆက်နှင့်အနီးတွင် နေဖို့
မရဲသေးတာကြောင့် နံရံဘက်သို့ ကပ်‌လိုက်
သဖြင့် ရှင်မင်းဆက်နှင့် သူ့အကြားတွင်
လူတစ်ယောက်စာ နေရာလွတ်သွားလေသည်။

လူနှစ်ဦးတည်းသာ ရှိသော ဓာတ်လှေကားထဲရှိ လေထုမှာ အလွန်တိတ်ဆိတ်ကာ ခြောက်ခြားစရာပင် ကောင်းနေလေသည်။ ရှင်မင်းဆက်၏
မျက်ဝန်းတွေက တည်ငြိမ်လွန်းလှစွာ
ဓာတ်လှေကားတံခါးကိုသာ မမှိတ်မသုန်
ကြည့်နေ‌သည်။

"အဆင်ပြေပြေရှိနေခဲ့တယ်မလား.."

ရှင်မင်းဆက်က သူ့ဘက်ကို ဖြည်းညင်းစွာ
လှည့်လာသည်။ မော်ကွန်းဦးမြတ်သည်
ရှင်မင်းဆက်၏ မျက်လုံးလေးများကို
အကြည့်ချင်းဆုံအောင် ကြည့်ကာ
အသက်ကို ခပ်မြန်မြန်ရှူသွင်းရင်း ဖွင့်ဟလိုက်သည်။

"ဒီအတောအတွင်းမှာ.."

ရှင်မင်းဆက်က ဘာမှမပြောဘဲ ရှေ့ကို
ပြန်လှည့်သွားသည်။ မော်ကွန်းဦးမြတ်သည်
ရင်ဘတ်တည့်တည့်ကို တစ်ခုခုဖြင့် နင်းချေ
ခံလိုက်ရသလို ခံစားလိုက်ရပြီး တစ်ဖက်သို့
မျက်နှာလွှဲလိုက်မိသည်။

ဘယ်တော့မှ ပြန်‌မတွေ့ကြရအောင် ဟူသည့်
ချာတိတ်၏ စကားသံက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ ထိုနေ့က ငိုနေခဲ့သည့်
ချာတိတ်၏ပုံရိပ်က သူ့အာရုံထဲတွင် ပြန်ပေါ်လာ၏။

Strawberry And Cigarette (ခေတ္တရပ်နား)حيث تعيش القصص. اكتشف الآن