Part 1 (Unicode)

52 8 0
                                    

ခန်းမထဲ၌ အလှဆင်ထားသော အစီအရီဖူးပွင့်နေသည့် ပန်းအိုးလေးများက နေရာယူနေ၏။ သည်တွင်မပြီးသေး ပန်းအိုးငယ်များ၏ ရှုမငြီးသော အလှကို အဖြူချည်းသာ သုံးကာ အလှဆင်ထားသော wedding အပြင်အဆင်ကပါ ထပ်လောင်းအားဖြည့်နေပြန်၏။ ပြတင်းပေါက်မှ ဝင်လာသော လေ၏ နှင်ရာသို့ယိမ်းနေသော ပန်းပင်လေးများနဲ့အတူ လေ​ပြည်တစ်ချက်ဝေ့လိုက်တိုင်း နှာခေါင်းထဲ တိုးဝင်လာသော ပန်းနံ့ခပ်သင်းသင်းလေးက စိတ်ကို ကြည်လင်စေသည်။

တကယ့်ကို တိမ်တိုက်ကြားက နတ်ဘုံလေးတမျှ စိတ်ကူးယဉ်ဆန်ကာ လှရက်ပါသည်။

တဖွဲဖွဲရောက်လာသည့် ရွှေပွဲလာပရိတ်သတ်များက နေရာအသီးသီးယူကာ အပြုံးကိုယ်စီလည်း ဆင်မြန်းထားကြသေး၏။

" ဟန်လွန်း.... "

ဟိုတစ်စသည်တစ်စ ပျံ့ကြဲနေသည့် အတွေးစများက နောက်မှထွက်ပေါ်လာသော အသံတွင် တစ်နေရာထဲသို့ ပြန်စုလာ၏။

မိမိအား ခေါ်နေသူဘက်သို့ လှည့်ကာ ပြုံးရင်း

" ဘာလဲ။ စိတ်အလှုပ်ရှားလွန်ပြီး ရှူးထွက်ကျလို့လား "

သည်လိုမေးတော့ ရှေ့ကလူက အပြောင်သိမ်းထားသော ဆံပင်များကြောင့် ရှင်းလင်းနေသည့် မျက်နှာထက်ရှိ နှဖူးကြောများတွန့်သည်အထိ မျက်မှုန်ကုပ်လေ၏။

" ငါအကောင်းပြောမလို့ကို "

အမှန်ပဲ သူလည်း စိတ်လှုပ်ရှားနေမည်ထင်သည်။

" ဟန်လွန်း မင်းကရော စိတ်မလှုပ်ရှားဘူးလား "

သည်အခါတွင် ပြောင်ချော်ချော်အပြုံးမျိုး မဟုတ်ဘဲ စိတ်လိုလက်ရပြုံးမိပါသည်။

ဘယ်သူက ဒီလိုအချိန်ကြီး စိတ်မလှုပ်ရှားဘဲ နေမတဲ့လဲ။ လူတွေအားလုံး ဝိုင်းကြည့်နေမယ့် လျှောက်လမ်းမှာ မော်ဒယ်လ်ရှိုးလျှောက်သလို ထီးထီးကြီး လျှောက်သွားရမယ့် အဖြစ်ကို။

မျက်နှာထက် အပြုံးအား ခဏသာဖြစ်တည်စေလိုက်ပြီး ဟန်လွန်း၏ အကျင့်အတိုင်း နှုတ်ခမ်းအား မဲ့ကာ မျက်နှာကိုလည်း သံပုရာသီးပုပ်တစ်လုံးလို ရှုံ့တွလိုက်ရင်း

Four Steps For First LoveWhere stories live. Discover now