"သတို့သမီး ဝင်လို့ရပါပြီ"
အိပ်မက်မှ လှုပ်နှိုးခံလိုက်ရသလို မျက်တောင်တစ်ချက်ခတ်စာအချိန်အတွင်း လက်ရှိကာလသို့ ဆွဲယူခြင်းခံလိုက်ရသည်။
မိမိနံဘေးသို့ တစ်လှမ်းချင်းလှမ်းလာနေသော အဖြူရောင်သတို့သမီးဝတ်စုံနှင့် နတ်မိမယ်အလားလှနေသည့် ရှင်လွန်းအား ပြုံး၍ငေးကြည့်နေမိသည်။ အတူတူဆော့ကစားရင်း ရိုက်လိုက်၊ ပုတ်လိုက်နေခဲ့သည့်နေ့ရက်များက မနေ့တစ်နေ့ကလိုပင်။ ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက်ခွဲစည်းထားလေ့ရှိသော ဦးခေါင်းထက်၌ ယခုတော့ ပုဝါဖြူလေးက နေရာယူနေ၏။ မျက်စိရှေ့တွင် အရွယ်ရောက်လာသည့် ဤမိန်းကလေးမှာ ယနေ့တွင် သတို့သမီးနေရာမှ တာဝန်ထမ်းဆောင်နေလေပြီ။
"ဟန်လွန်း.....ငါစိတ်လှုပ်ရှားနေတယ်"
အနှီစကားကြောင့် ဟန်လွန်းနှစ်ခြိုက်စွာ ပြုံးမိသည်။
" လာ...လာ...ငါ့လက်ကို ကိုင်ထား။ အကုန်အဆင်ပြေသွားလိမ့်မယ် "
တံတောင်ဆစ်ကိုကွေးပြီး အနားသို့တိုးသွားလိုက်တော့ မိမိလက်မောင်းအား အားကိုးတကြီးဆုပ်ကိုင်လာသည်။
စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတို့ ရောထွေးနေသော ရှင်လွန်း၏ မျက်ဝန်းများအား ငေးစိုက်ကြည့်ရင်း
" စိတ်မလှုပ်ရှားနဲ့တော့ "
ထိုတွင် 'အင်း' ဟု ဆိုကာ ခေါင်းအသာငြှိမ့်ပြလာသောသူကြောင့် ဟန်လွန်းမနေနိုင်စွာ ရှင်လွန်းနှဖူးထက် အနမ်းဖွဖွခြွေမိသည်။
ထို့နောက် သတို့သမီး၏လက်ကိုကိုင်ရင်း တည်ကြည်လေးနက်သော အမူအရာနှင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ခန်းမတံခါးဖွင့်လာသည်ကိုသာ စိုက်ကြည့်နေလိုက်သည်။
________________________________________
" လာကြ...လာကြ...ဓာတ်ပုံရိုက်ကြမယ်ဟေ့ "
အသံဆာဆာနှင့် ကောင်းလွင်ခန့်က ရှေ့ကပြေးပြီး ကျောင်းအမည်ဆိုင်းဘုတ်ကြီးရှေ့၌ နေရာယူလေသည်။ လက်ထဲတွင်လည်း အခုမှ ပူပူနွေးနွေးရထားသော အသစ်စက်စက်ဖုန်းလေးအား ကိုင်ရင်း မြောက်ကြွမြောက်ကြွဖြစ်နေ၏။
YOU ARE READING
Four Steps For First Love
Teen Fiction'အချစ်ဦး' ဆိုတဲ့ အရာက နွမှောဆို နွဦေးလေပြေလေး၊ မိုးမှာဆို မိုးပြေးလေး၊ ဆောင်းမှာဆို နှင်းစက်လေး။ သိမ်မွေ့သည်။ နူးညံ့သည်။ 'အမြဲတမ်း' ဆိုသည့်အရာ မပါဝင်ခဲ့ပေမယ့် တကယ်ကို မြတ်နိုးဖွယ်ကောင်းလွန်းပါသည်။ 'အချစ်ဦး' ဆိုတဲ့ အရာက နွေမှာဆို နွေဦးလေပြေလေး၊ မိုး...