ℂ𝕙𝕒𝕡𝕥𝕖𝕣 𝟟

470 30 20
                                    

‌တညလုံး Biu ကို ရင်ခွင်ထဲထည့်ပြီး အိပ်စက်ခဲ့သည်မို့ ဒီမနက်နိုးလာတဲ့အခါ သူ့ရင်ဘတ်တွေနာနေရပြီး လက်မောင်းတစ်ဖက်က ကျင်ချင်သလိုဖြစ်နေရသည်။ သူ့ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ Biu ရဲ့ ခေါင်းလုံးလုံးလေးကို အသာမယူရင်း ‌ခေါင်းအုံးလေးပေါ်သို့ နေရာရွေ့ပေးလိုက်တဲ့အခါ Biu ကိုယ်လုံးလေး အနည်းငယ်လှုပ်ယမ်းသွားပေမယ့် မျက်ခွံလေးတွေကတော့ ပွင့်မလာသေးဘူး။

ကြည်လင်သန့်ရှင်းနေတဲ့ မျက်နှာဖူးဖူးလေးပေါ်သို့ လေ‌ပြေလေးတစ်ချက် မှုတ်ထုတ်လိုက်တော့ Biu က လက်ကလေးဖြင့် နှာခေါင်းထိပ်လေးကိုပွတ်သပ်ရင်း ပြန်အိပ်ပျော်သွားလေရဲ့။ အပြစ်ကင်းစင်ပြီး ကလေးတစ်‌ယောက်လို အပူအပင်ကင်းစွာ အိပ်ပျော်နေတဲ့ အကောင်ပေါက်လေးရဲ့ မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်နေမိတယ်။

ချစ်မဝလေး ဆိုတဲ့စကားဟာ အမှန်တကယ်ရှိကြောင်း Biu နဲ့တွေ့ကာမှ သူယုံချင်သွားမိရဲ့။ အမြဲတမ်း အပြုံးချိုချိုလေးတွေသာ ဝေမျှတတ်တဲ့ Biu က သူ့ဘဝအမောတွေကို ပြေပျောက်စေခဲ့တယ်။ ဒီအကောင်ပေါက်လေးကို ပိုင်ဆိုင်ရတဲ့နေ့ဟာ သူ့ဘဝမှာ အပျော်ရွှင်‌ဆုံးနေ့ဖြစ်ခဲ့တယ်။ နှဖူးပေါ်က ဆံစလေးကို သပ်တင်‌ပေးရင်း လက်ချောင်း ထိပ်ကလေးဖြင့် မျက်ခုံးစပ်နားမှ တဆင့် နှာခေါင်းလေးအထိ တို့ထိလာကာ နှုတ်ခမ်းဖူးဖူးလေးနားရောက်တော့ ရပ်တန့်လိုက်တယ်။

ထိုစတော်ဘယ်ရီနှုတ်ခမ်းလေးကို ပြွတ်စ်ခနဲ နမ်းလိုက်ပြီး ရင်ဘတ်နားထိ စောင်လေးကိုဆွဲခြုံပေးလိုက်ကာ Bible အိပ်ယာပေါ်မှ ဆင်းလာခဲ့တယ်။ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်‌ပြီး ရေပါတစ်ခါတည်းချိုးလိုက်တော့တယ်။ ရေချိုးပြီးတဲ့အခါ Luggage ထဲက ပေါ့ပေါ့ပါးပါးဖြစ်‌မယ်ထင်ရတဲ့ အနက်ရောင်ချိုင်းပျက်အင်္ကျီနဲ့ ဒူးအထိပဲရှည်တဲ့ ခဲရောင်ဘောင်းဘီတစ်ထည် ထုတ်ယူဝတ်လိုက်တယ်။

လိုက်ကာကိုဆွဲဖွင့်လိုက်တာနဲ့ နေရောင်ခြည်‌နွေးနွေးက အခန်းတွင်းသို့ တိုက်ရိုက်ဖြာကျလာတယ်။ အလင်းရောင်ကြောင့်ထင်မိရဲ့ Biu ကိုယ်လေး ခပ်သဲ့သဲ့လှုပ်တွန့်လာကာ ခဏအကြာမှာတော့ ပကတိငြိမ်သက်သွားပြန်သည်။ စောင်ဖြူဖြူထူထူကြီးအောက်မှာ နစ်ဝင်နေပြီး ပုစွန်တုတ်ကလေးလို သေးသေးကွေးကွေးအိပ်နေရှာတဲ့ Biu ရဲ့ ပါးမို့မို့လေးကို ဖွဖွနမ်းရှိုက်ရင်း....

𝕄𝕪 𝔹𝕚𝕒𝕤 𝔹𝕖𝕔𝕠𝕞𝕖 𝕄𝕪 ℍ𝕦𝕤𝕓𝕒𝕟𝕕Where stories live. Discover now