Chapter 5

1.6K 250 2
                                    

Chapter 5

အကာကွယ်က ပေါက်ကွဲထွက်သွားပြီး သလင်းကျောက်အစအနများ ပြန့်ကျဲလာသည်။ ၎င်းတို့က လေထဲတွင် ခဏတာ ပေါလောပေါ်နေပြီးနောက် အလင်းအစက်အပြောက်များကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။

အခုချိန်က အခွင့်အရေးပဲ...

မှောင်မဲအေးစက်ပြီး အရိပ်များဖြင့် လှုပ်ခါနေသော ဘတ်စ်ကားပေါ်တွင် လူငယ်လေး၏ ပိန်ပါးပါးခန္ဓာကိုယ်က တွန့်ဆုတ်ခြင်းမရှိပဲ ဆာလောင်မှုသရဲရှိရာသို့ ချီတက်လာသည်။

သရဲက စိတ်လှုပ်ရှားစွာဖြင့် အားပါးတရပြုံးလိုက်ပြီး သွားချွန်ချွန်များဖြင့် ပါးစပ်ကြီးကို ဟထားသည်မှာ တံခါးဝသို့ရောက်လာမည့် အစား‌အစာကို မျှော်နေသကဲ့သို့ ဖြစ်သည်။

ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

ရက်စက်ကြမ်းတမ်းလှသော တစ္ဆေစွမ်းအင်က ဘတ်စ်ကားအတွင်းပိုင်းထဲတွင် ပေါက်ကွဲလာသည်။ ရင်းနှီးနေသောအားကြောင့် သရဲက လန့်သွားသည်။

သူ၏ ခန္ဓာကိုယ် ရုတ်ချည်းအေးခဲသွားသည်။

အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားခဲ့သည့် မှတ်ဉာဏ်များ ရုတ်ချည်း ပြန်လည်ထွက်ပေါ်လာသကဲ့သို့ဖြစ်သည်။

နပေါဦး... အဲဒါက...

ဆာလောင်မှုသရဲ အာရုံပြန့်သွားချိန်တွင် လူငယ်လေးက ပြုံးလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ သူ့လက်ကို ပါးစပ်ကြီးရှိရာ ဆန့်ထုတ်လိုက်သည်။

အမှန်တွင် ဂိမ်းထဲရှိလက်နက်တိုင်းက ဤသရဲ၏  အရေပြားကို မထိုးဖောက်နိုင်သော်လည်း သူတို့တွင် အားနည်းချက်မရှိခြင်း မဟုတ်ပေ။ ချွန်ထက်နေသည့်သွားများဖြင့်ပါးစပ်က သူတို့၏ စွမ်းအားအကြီးဆုံးလက်နက် မဟုတ်ရုံသာမက သူတို့၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်သည်။

သူတို့က သားကောင်၏ ရန်စခြင်းခံလိုက်ရသည်နှင့် ပါးစပ်ကို အကျယ်ဆုံးဟထားကြသည်။

၎င်းက သူတို့၏ အားအနည်းဆုံးအချိန်ဖြစ်သည်။

ယဲ့ကျားက သူနှင့် လက်မအနည်းငယ်ခန့်သာ ကွာဝေးတော့သည့် ဖြူဖျော့နေသောမျက်နှာကို ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်မှ အပြုံးများက ပိုနက်ရှိုင်းသွားပြီး ရင်းနှီးဖော်ရွေစွာဖြင့် နှုတ်ဆက်လိုက်သည်။

ပြိုင်စံရှားကစားသမားအနားယူပြီးနောက် (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt