Chapter 2

2.1K 293 9
                                    

Chapter 2

" ဗိုက်အရမ်းဆာတယ် ဗိုက်အရမ်းဆာတယ် ဗိုက်အရမ်းဆာတယ်..."

အသံက ပို၍စူးရှပြင်းထန်လာပြီး ဖန်သားကိုလက်ဖြင့်ကုတ်ခြစ်နေသံနှင့် တူလာသည်။

" စားချင်တယ် စားချင်တယ် စားချင်တယ်..."

မမျှော်လင့်ထားသည်မှာ လူငယ်လေးက လုံးဝမရှောင်ခဲ့ပေ။

အနက်ရောင်လက်များက သူ၏ ဖြူဖျော့ပြီးသေးသွယ်သော လက်ကောက်ဝတ်ကိုရစ်ပတ်ပြီး ပျော်ရွှင်စွာဖြင့် စတင်စားသောက်ရန် ပြင်လိုက်သည်။

မကြာမီ ထိုလက်များက ကျယ်လောင်စူးရှစွာ အော်ဟစ်တော့သည်။

" မဟုတ်ဘူး မဟုတ်ဘူး... ဒါ ဘာကြီးလဲ... ဒါ ဘာကြီးလဲ..."

သက်ရှိများတွင် ဝိညာဉ်စွမ်းအင်ရှိပြီး သေဆုံးသွားသူများတွင်  ယင်စွမ်းအင်ရှိပေသည်။

ယင်စွမ်းအင်များသိပ်သည်းပြီး မကောင်းသည့်စိတ်များ စုပြုံလာပါက ကြမ်းတမ်းသည့် သရဲတစ်ကောင် ဖြစ်လာနိုင်သည်။

သို့ရာတွင် ဤသက်ရှိလူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် နက်မှောင်အေးစက်သော တစ္ဆေစွမ်းအင်ရှိနေသည်။

အလွန်နက်မှောင်၍ အေးစက်ပြီး မကောင်းဆိုးဝါးဆန်လှသည်။

သူ တည်ငြိမ်စွာဖြင့် မျက်လွှာချလိုက်သည်။ သူ့မျက်နှာထက်တွင် အခြားအမူအရာများ ရှိမနေပေ။ သူက ဤကမ္ဘာနှင့် အဝေးတွင် ရပ်တည်နေသော အသင်္ချေတည်ရှိမှုနင့်တူပြီး သူ့ရှေ့မှသရဲကို အထက်စီးမှ ကြည့်နေသည်နင့် တူပေသည်။

သူ၏ လူသားခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းအားများ မြင့်တက်လာပြီး သွားစွယ်များနှင့် ကြောက်မက်ဖွယ်လက်သည်းများကို တိတ်တဆိတ်ထုတ်ပြနေသည်နှင့်တူသည်။

" ဘာလဲ... အဲဒါဘာကြီးလဲ..."

ဓာ‌တ်လှေကားထဲမှထွက်လာသည့် မရေမတွက်နိုင်သည့် အနက်ရောင်လက်များက ရူးနှမ်းစွာပျံနေကြသည်။ အမှောင်စွမ်းအင်နှင့် နိမိတ်မကောင်းသည့်စွမ်းအင်များနှင့်အတူ‌ လေထုအပူချိန်က ပို၍ အေးစက်လာသည်။

ပြိုင်စံရှားကစားသမားအနားယူပြီးနောက် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora