1

165 7 0
                                    


ကြီးကျယ်ခမ်းနားတဲ့အဆောင်အယောင်များနှင့် တင့်တယ်နေသည့်အခန်းကြီးတစ်ခု ၊ အခန်းထဲရှိအရာတွေကိုကြည့်ရုံနှင့် အဆင့်အတန်းကတော်ရုံမဟုတ်မှန်းခန့်မှန်းမိလိမ့်မည်။ သို့သော်မသိနိုင်သည်က ထိုသို့သောအဆောင်အယောင်တွေက ထိုအခန်းထဲရှိလူများနှင့်မလိုက်ဖက်သည်မှာ ပြာသာဒ်ဖျားတွင်နားတဲ့ကျီးလိုပင် ဖြစ်နေလိမ့်မည်။

ထိုအခန်းထဲကလူတွေလို့ပြောရင် အခုဒီအခန်းထဲရောက်နေတဲ့သူကိုယ်တိုင်လည်း ပါဝင်နေသည်။ သူကိုယ်တိုင်လည်း တရားမဝင်လုပ်ငန်းတွေလုပ်ပြီး ပိုက်ဆံရှာနေသူမို့ပင်။

"ဘာလုပ်ဖို့ခေါ်တာလဲ"

သူ့ရှေ့မှာတည်ငြိမ်အေးချမ်းမှုအပြည့်နှင့် ထိုင်နေတဲ့အမျိုးသမီးကိုမေးလိုက်သည်။

အသက်အရွယ်အရလေးဆယ်ပြည့်ခါနီးပေမယ့် ဝတ်ထားတဲ့အနီရင့်ရင့်ကိုယ်ကျပ်ဂါဝန်နှင့်
ရွှေအိုရောင်ဆံနွယ်တွေကြောင့် ထိုအမျိုးသမီး၏ဇရာကိုသိပ်မပေါ်လွင်ပေ။ ထိုအမျိုးသမီးကဒီလောကမှာ နာမည်တစ်ခုနှင့်ရပ်တည်ခဲ့သည်မှာ သူတို့၏ယခင်ခေါင်းဆောင်ရှိစဥ်တည်းကပင်။ ယခင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူမို့ လက်ရှိခေါင်းဆောင်နေရာကိုထိုက်တန်စွာ ဆက်ခံနိုင်သည့်အပြင် သူ့လက်ထဲမှာလုပ်ငန်းတိုးတတ်လာသည်မှာလည်းအမှန်ဖြစ်သည်။

"ရန်မြစ်နားကဆောက်လုပ်ရေးကို နဂါးအဖွဲ့ရသွားပြီ"

စိတ်မဝင်စားစွာလက်ကိုတဆစ်ဆစ်ချိုးနေသူကြောင့် မြတ်ပန်းထည် တစ်ယောက်စိတ်ပျက်နေမိသည်။ ဒီကောင်လေးအချိုးတွေပြောင်းသွားတာသူမအဖေဆုံးသွားတည်းက ၊ဂိုဏ်းကိုတာဝန်ယူရတာကိုယ်ဆိုရင်တောင် Dayဆိုတဲ့သူ့နာမည်ကြားတာနဲ့ မြတ်ပန်းထည်တို့ရဲ့EDဂိုဏ်းကိုပြေးမြင်ကြမည်မှာသေချာပေါက်။

ထိုကလေးဂိုဏ်းနာမည်နဲ့ဆိုးတာတော့မဟုတ်၊
Dayဆိုသည့်နာမည်ကြောင့်ဂိုဏ်းကဒီလောကမှာမော်ကြည့်ရဲမည့်သူမရှိတာဖြစ်သည်။

"အဲ့တာကိုမင်းလွှဲယူလိုက်တော့!"

"လိုချင်တုန်းကမပေးပဲ ခုမှလာပေးနေတယ် ဘာလဲ အခုအမ်းလိုက်တဲ့ကောင်ကရောထားခဲ့ပြန်ပြီလား"

DayWhere stories live. Discover now