3

42 7 0
                                    


ကိုယ့်ကိုဒီလိုရည်းစားစကားပြောခံရတာ မထူးဆန်းပေမယ့် အခုသူ့ကိုရည်းစားစကားပြောသွားတဲ့လူက တောင့်တောင့်ဖြောင့်ဖြောင့်ယောကျာ်းတစ်ယောက် ။ကိုယ်ကယောကျာ်းလေးတွေနဲ့တစ်ခါမှတွဲဖူးသည့်လူမဟုတိ ။ ထို့ပြင်အခုဒီလူ့အပေါ်သူဆက်ဆံပေးနေတာတွေက သူ့စိတ်ထဲကသူမသိတဲ့ခံစားချက်ကြောင့်ဖြစ်လိမ့်မည်။

ညဘက်ကြီးတံတားပေါ်ရပ်နေတဲ့လူကိုတွေ့တွေ့ချင်း ကိုယ်နဲ့မှမဆိုင်ဘဲဆိုပြီး ကျော်သွားချင်ပေမယ့် နီးကပ်လာလေရင်းနှီးနေတဲ့အငွေ့အသက်တွေနဲ့မို့ သူသွားကြည့်လိုက်တော့တကယ်ကိုသူထင်သည့်လူ ။

သူစကားစပြောပေမယ့်ထွက်လာတဲ့စကားသံအရ ဒီလူရဲ့ဝမ်းနည်းမှုကိုဘေးနားကသူပင်ခံစားရသည် ။ ဆန်ကျင်ဘက်တွေကိုသာသဘောကျဖူးပေမယ့် ဒီလူ့အပေါ်သူသဘောကျမိသည်တော့အမှန် ။ဖြောင့်မတ်တည်ကြည်တဲ့ ကိုယ်နေကိုယ်ထားကြောင့်လား ၊ ချောမောတဲ့ရုပ်ရည်ကြောင့်လားတော့သူလည်းမသိ။ သူကသူ့ခံစားချက်တွေကိုဘယ်တော့မှဖုံးကွယ်မည့်လူမဟုတ်ဘဲ ကိုယ်သဘောကျလျှင်ဝန်ခံမည့်လူသာဖြစ်သည်။

သူအဲ့လူနဲ့ပတ်သတ်ပြီးသိတာဆိုလို့'နေ့'ဆိုသည့် ပဟေဋိဆန်ဆန်နာမည်တစ်ခုကလွဲ အခြားလည်းမရှိ ။ သူ့ကိုစနောက်သွားပြီးပျောက်သွားသည်မှာ သုံးရက်ကျော်တော့မည် ။သူကော်ဖီဆိုင်ကိုလည်းပုံမှန်သွားသလို အဲ့လူလာရင်ဆက်သွယ်ဖို့တောင်ကိုဝေလင်းကိုမှာထားမိသည်။ ထို့ပြင်ထိုလူ့ကိုတွေ့ခဲ့သည့်တံတားဘက်လည်းသွားသည်။ ပုန်းနေသူကရှာမှန်းသိလို့ပိုပုန်းနေသလိုလိုပင်။

"ကိုခန့်ရေ ကျောင်းဆင်းရင်ငါ့မွေးနေ့လိုက်ခဲ့ကွာနော် "

သူ့သူငယ်ချင်းထက်မင်းခန့်ရဲ့စကားကိုသူပြန်စဥ်းစားနေမိသည်။ ထက်မင်းခန့်ကသူနဲ့ဆေးကျောင်းစတက်တည်းကခင်ခဲ့သည့် ပထမဆုံးသူငယ်ချင်းပင်။ သူငယ်ချင်းတွေရှိပေမယ့် အေးတိအေးစက်ပုံကြောင့် ထက်မင်းခန့်ကသာသူနှင့်အခင်ဆုံးဖြစ်သည်။ ဒီနေ့ထက်မင်းခန့်မွေးနေ့ဆိုတာသူတကယ်မေ့နေခဲ့တာဖြစ်သည် ၊မှတ်ဉာဏ်အားကောင်းတဲ့သူကအခုတော့'နေ့'ဆိုသည့်လူကြောင့် ဘာမှကိုသတိရခြင်းမရှိတော့ပေ။

DayWhere stories live. Discover now