Part-5 (အချစ်၏ဆန်းကြယ်သော ပြောင်းလဲမှူ)

179 29 4
                                    

အပိုင်း-(၅)(Unicode)

''သားလေး ပြန်လာပြီလား''

''ဟုတ်ကဲ့ မေမေ''

''ဂျီဟွန်းလေးရောက်နေတယ် သွားတွေ့လိုက်အုံး''

''ဟမ် မေမေ နောက်ကျနေပြီလေ ကိုကြီးက
ဘာလာလုပ်တာလဲ''

''မင်းကို ပေးစရာရှိသေးလို့တဲ့''

''ဟီး ဟုတ်လား ဘာများလဲမသိဘူး သွားအုံးမှ''

ဂျွန်ကယူတစ်ယောက် ဂျီဟွန်းကိုတွေ့ဖို့
ဧည့်ခန်းထဲပြေးအသွား

''အာ့ ကင်မ်ဂျွန်ကယူသာ အချောဆုံး''

''ကယူ''

ခုံစောင်းကို တိုက်မိပြီး ထိုင်နေတဲ့ ဂျီဟွန်းနီး ရင်ခွင်ပေါ်သို့မှောက်လျှက်သား

မျက်ဝန်းနက်နှစ်စုံ အကြည့်ချင်းဆုံနေစဉ်
ရနံ့တစ်ခုက မွှေးပျံ့လာသည်

ကိုကြီးရဲ့ကိုယ်သင်းနံ့လေးကမွှေးလိုက်တာ!
ဂျွန်ကယူငယ်ငယ်ကသိပ်ကိုသဘောကျခဲ့ရတဲ့အနံ့လေးလေ

ကိုကြီးကအစွဲအလမ်းကြီးလိုက်တာလွန်ရော
အခုအထိရေမွှေးမပြောင်းလဲဘူးပဲ

ဂျီဟွန်းနီး ရေမွှေးနံ့လေးက ဂျွန်ကယူကို
အတွေးကမ္ဘာဆီသို့
.
.
.
.
လွန်ခဲ့တဲ့ ၉ နှစ်လောက်က

''ကိုကြီးရေ''

''ကိုကြီး ဂျီဟွန်းရေ ကိုကြီး ဂျီဟွန်းရေ
yarrr...ပတ်ဂျီဟွန်း''

ဂျွန်ကယူ အခန်းတံခါးရှေ့ကခေါ်နေပေမယ့် အခန်းအတွင်းမှ ပတ်ဂျီဟွန်း မကြား၍ အော်ခေါနေခြင်းဖြစ်သည်

''ကိုကြီးကတော့လေ ကယူနဲ့ကစားပါမယ်ဆိုမှ ထွက်မလာဘူး
ဟွန့် ကြည့်နေ ကြည့်နေ ကိုကြီးကို ကယူမခေါ်တော့ဘူး''

အခန်းတံခါးရှေ့တွင် ခါးထောက်ပြီးရပ်ကာ နှုတ်ခမ်းစူပြီး ပွစိပွစိနဲ့ ပြောနေတဲ့အချိန်

''ဟိတ်''

ဂျီဟွန်းက နောက်ကနေ ဂျွန်ကယူ ပခုံးကိုပုတ်ပြီး အော်ခေါ်ပြီး စလိုက်သည်

''အာ့ ကင်မ်ဂျွန်ကယူသာ အချောဆုံး''

''ဘာ ဘာ ဘယ်လို ဘယ်လို
ကင်မ်ဂျွန်ကယူသာ အချောဆုံးတဲ့လား
ဟား ဟား ဟား''

Choice~ရွေးချယ်မှု  Where stories live. Discover now