PART-1(ဖူးစာရှင်၂ယောက်?)

397 38 10
                                    

''Choice~ရွေးချယ်မှု'

Watanabe Haruto, Kim Junkyu & Park JiHoon

အပိုင်း-(၁) (Unicode)

မှောင်ရီချိန် ညနေခင်းတစ်ခုဝယ်....

ကင်မ်ဂျွန်ဂယူ တစ်ယောက် အတွေး ကမ္ဘာထဲမှာ ပြည့်နှက်နေပြီး သင်တန်းမှ ပြန်လာခဲ့သည်

ခါတိုင်းဆို သူငယ်ချင်းဖြစ်သူ ယိုရှီနိုရီနှင့် အိမ်ကို အတူတူ ပြန်နေကျပါ

ဒါပေမယ့်.....

ဒီနေ့ ယိုရှီနိုရီက အိမ်က အရေးကြီးကိစ္စ တစ်ခုက သင်တန်းမဆင်းခင်က ရုတ်တရတ် ပေါ်လာတာကြောင့် အရင်ဆုံး သင်တန်းမလွှတ်ခင် ပြန်သွားခဲ့သည်

ဒါကြောင့် ကင်မ်ဂျွန်ဂယူ အိမ်သို့ တစ်ယောက်တည်း ပြန်လာခဲ့ရတော့သည်

ကင်မ်ဂျွန်ဂယူ အိမ်ပြန်ဖို့ သင်တန်းနဲ့ အတော်ကွာဝေးတဲ့ bus ကားဂိတ်ဆီသို့ လာရင်း....

မနက် သင်တန်းကို မလာခင် ယိုရှီနိုရီနဲ့အတူတူ
နမည်ကြီးနေတဲ့ တားရော့စ်ဗေဒင်ဆရာဆီ
သွားခဲ့တာကို တွေးမိနေတော့သည်

ဗေဒင်ဆရာ ဟောခဲ့တာက...

''သား...ဒီနှစ်အတွင်း ဖူးစာရှင် နှစ်ယောက် ထွက်ပေါ်လာမယ်

အဲ့နှစ်ယောက်ထဲက တစ်ယောက်က သားရဲ့ဖူးစာရှင် ဖြစ်ကိုဖြစ်မှာ

ဒါပေမယ့်...

အဲ့နှစ်ယောက်မှာ ဘယ်သူက ဖူးစာရှင်လဲဆိုတာ မပြောပြနိုင်ဘူး

သားအပေါ်မူတည်တယ်

တစ်ယောက်ကို ရွေးချယ်ရင် အကောင်းဆုံးသော ကံတရားကို ပိုင်ဆိုင်ရပြီး ကံကောင်းခြင်းတွေပဲ ရနိုင်မယ်

နောက်တစ်ယောက်ကျ အဆိုးဆုံးသော ကံတရားကို ပိုင်ဆိုင်ပြီး သေခြင်းတရားနဲ့တောင် ရင်ဆိုင်ရနိုင်မယ်

သား ကံကောင်းခြင်းကို ရွေးချယ််မိသည်ဖြစ်စေ/သေခြင်းတရားကို
ရွေးချယ်မိသည်ဖြစ်စေ

ရွေးချယ်မိတာနဲ့ သားအပေါ်သက်ရောက်သွားပြီ

သားရင်ဆိုင်ဖို့ပဲ ပြင်ထားပါ''
.
.
.
ဗေဒင်ဆရာပြောသည့် ထိုအကြောင်းကို စဉ်းစားမိပြီး စိုးရိမ်စွာ စိတ်တွေ ရှုတ်ထွေးနေတော့သည်

Choice~ရွေးချယ်မှု  Where stories live. Discover now