အပိုင်းတစ်

19 3 0
                                    

"အိုးး.... ရောက်လာကြပြီပဲ"

နူးညံဖြူဖွေးသော မျက်နှာလေးထက်မှ စိတ်စိုးဟန်ပြနေသော အမူအရာလေးနဲ့ ဆင်းလာတဲ့ ကောင်မလေးတစ်ယောက်...

"ဖွားဖွားမြတ်နော် လူဝီတို့ကို လာကြိုမယ်ပြောပြီး
လာလဲမလာကြိုဘူး လူဝီတို့မှာလေ ဖွားဖွားမြတ်လာမယ်ဆိုပြီးစောင့်နေတာ ကြာကြီးပဲ
ပြီးတော့လာလဲမလာဘူး ဟွန့်......."

"စိတ်မစိုးပါနဲ့လူဝီလေးရယ် အသက်ကြီးလာလို့လားမသိပါဘူး ဖွားဖွားမြတ်ရဲ့ခန္ဓာကိုယ်က အရင်ကလိုစိတ်သွားတိုင်းကိုယ်မပါတော့ဘူး ပြီးတော့ မလာနိုင်တော့ဘူးဆိုတာလဲ ဖုန်းဆက်လှမ်းပြောဖို့ကို ဖွားဖွားမြတ်မေ့သွားလို့ပါ မြေးလေးရယ်"

"ဟွန့်"

"လာပါ..ဟွန့်လုပ်မနေနဲ့တော့ မြေးလေးအတွက်​မြေးလေးကြိုက်တဲ့ဟင်းတွေများကြီးချက်ပေးထားတယ် ဒါကြောင့်ဟောဒီကဆူနေတဲ့ဝက်နှုတ်ခမ်းလေးပြန်ဝင်လိုက်တော့နော်"

"ပြန်ဝင်ချင်သေးဘူး" လို့ပြောပြီးလူဝီရဲ့ နှုတ်ခမ်းကဆူနေလေသည်။

"ပြောပါအုံး ဘာထပ်အလိုရှိသေးတုန်း ဖွားကြီးရဲ့ဝက်ပေါက်လေးက"

"ဟီးဟီး လိုချင်တာတစ်ခုရှိတယ်ဖွားဖွားမြတ်ရဲ့"

"ပြောကြည့်လေ ဝက်ပေါက်လေး"

"ဖွားဖွားမြတ်နဲ့တူတူ ဘုရားသွားချင်လို့ "

"အော် ဘုရားသွားချင်တာလား ဟုတ်ပြီ ဝက်ပေါက်လေးစိတ်ကြိုက် ဘုရားသွားကြမယ် ဒါမဲ့အခုတော့ရေသွားချိုးလိုက်အုံးနော် အောက်မှာဖွားဖွားမြတ်ထမင်းပွဲပြင်ထားလိုက်မယ်"

"ဟုတ် ဖွားမြတ်" လို့ပြောပြီး လူဝီတစ်ယောက် အိမ်ပေါ်တက်ဖို့ခြေလှမ်းများပြင်နေလေသည်။

"ဟိတ်ကောင်မလေး အထုတ်တွေလာမသယ်ပဲ ဘယ်ပြေးမလို့တုန်း"

"သေစမ်း ငါ့ကိုမိသွားပြီဒုက္ခပါပဲ မသိချင်ယောင်ဆောင်ပြီးအပေါအမြန်တက်သွားမှ"

"ဟေ့ ဟိုကလေးမ မပြေးနဲ့ ကိုယ့်ပစ္စည်းကိုလာသယ်ဟ ဟိတ်ခေါ်နေတာမကြားဘူးလားကွ သူ့ကိုသယ်ခိုင်းနေရတာနဲ့တင် ငါပါအသက်ထွက်သွားလိမ့်မယ် တော်ပြီ ကိုယ့်ဟာကိုပဲသယ်တော့မယ်"

"ဟီးဟီး ဒါမှတို့ကိုကြီးကွ"

မြေးလေးနှစ်ယောက်လုံး မြတ့်မျက်စိတစ်မှိတ်တွင်းမှာတင် အရွယ်ရောက်လာကြပြီ အချိန်တွေကမြန်လိုက်တာ လင်းရယ်.....

Memory (အမှတ်တရ)Where stories live. Discover now