အပိုင်း၂ (What's in the old box?)

12 1 0
                                    

မြေးလေးနှစ်ယောက်ကို ကြည့်ရင်း ဖွားမြတ်တစ်​ယောက်.....
အော်...အရင်က အသက်မဲ့နေတဲ့ငါ့အိမ်ကြီးက မြေးလေးနှစ်ယောက်ရောက်လာမှပဲ အသက်ဝင်လာတော့တယ် လို့တွေးပြီး ပြုံးလို့နေသည်။

အပေါ်တက်သွားတဲ့ သူ့ညီမကို ငေးကြည့်ယုံပဲတက်နိုင်တော့တဲ့ အပြင် သက်ပြင်းတစ်ချက်ချကာ ပွစိပွစိလုပ်ပြီး လူးဝစ် တစ်​ယောက် ပါလာတဲ့အထုပ်များကို ပထမတုန်းကလုပ်နေတဲ့အတိုင်းအိမ်ထဲသို့ဆက်သွင်းလို့နေသည်။

အတော်တန်အကြာ.......

"လူးဝီ နဲ့ လူးဝစ်ရေ ထမင်းကအဆင်သင့်ဖြစ်ပြီနော်"

ကလေးတွေမကြားကြဘူးထင်ပါရဲ့ သွားပြောမှပဲ ဆိုပြီး ဖွားမြတ်တစ်​ယောက် ကလေးတွေကို သွားပြောရန် ​လှေကားသို့ထွက်ခွာလေသည်။

ထိုစဥ်....

ဒူးလောက်ရှည်တဲ့ ဇာဂါဝန်လေး ဝတ်ပြီး ဆံနွယ်လေးများကိုလဲ အနီရောင်ပိုးဖဲကြိုးလေးနဲ့ ထုံးတင်ထားပြီးလှေကားပေါ်ကနေ ဆင်းလာတဲ့ လင်းကို မြင်တွေ့လိုက်ရသည်။

"လင်းး"

"ဟင်..ဖွားမြတ် ဘယ်က "လင်း" တုန်း လူဝီလေ ဖွားမြတ်ရဲ့ မြေးထဲမှာမှအချောဆုံးမြေးလေး
လူဝီလေ ဟဲဟဲ"

"အော့"

"နေမကောင်းဘူးလား ဆေးခန်းသွားမလား လူးဝစ်ရှင့်"

"နေကောင်းတယ်"

"ဒါဆို ဘာလို့ အော့ လဲ"

"အော့ ချင်လို့ အော့တာလေ"

"ဒါဆိုလဲ ဟုတ်ပြီ ဒါမဲ့လေ ကြည့်ကြပ်လဲ အော့အုံးနော် မဟုတ်ရင် အုတ်နီခဲ စာမိအုန်းမယ်နော် ကိုယ့်လူ"

"ဟ ဟ" လို့ပြောပြီး လူးဝစ်တစ်ယောက် ထမင်းစားခန်းထဲ ဝင်နှင့်လေသည်။

"ဖွားမြတ်ရေ ဖွားမြတ် ကြားရဲ့လားဟင်"

အသိလွတ်ပြီး မတ်တပ်ရပ်နေတဲ့ ဖွားမြတ်တစ်ယောက် မြေးလေးခေါ်သံကြားပြီးမှ အသိပြန်ဝင်လေသည်။

"အင်း..အင်း"

"ဘယ်က လင်း တုန်းလို့"

"အဲ့ဒီ ဖဲကြိုးကိုဘယ်ကတွေ့တာလဲ လူဝီ"

ဖွားမြတ်တစ်​ယောက် သူရဲ့မြေးလေး မေးနေတာကို မဖြေနိုင်တော့ပဲ ဖဲ​ကြိုးအကြောင်းကိုမေးလို့နေသည်။

"​ဖဲကြိုးက ပထမတုန်းက လူဝီရဲ့ အခန်းထဲက ကုတင်အောက်ရောက်နေတာ အဲ့တာနဲ့ လူဝီကတွေ့လို့ ကောက်ပြီး တပ်လာတာ ဟောင်းနေပင်မဲ့ ဝတ်လို့ရသေးလို့လေ"

"ဘာလို့လဲဟင်"

"အော် အဲ့ဖဲကြိုးက အဖွားပျောက်နေတာကြာပြီလေ အဲ့တာကြောင့်မေးကြည့်တာ"

"ဟုတ်"

"လာ ထမင်းသွားစားကြမယ်"

"ဟုတ်ကဲ့"

ဖွားမြတ် နဲ့ လူဝီ တို့ ထမင်းစားခန်းထဲရောက်တာနဲ့ လူဝီ တစ်ယောက်........

"ဝိုး...အနံက ထမင်းစားခန်း အပြင်ကနေတောင်ရတယ် မွှေးနေတာ အထဲရောက်တော့ ပိုပြီးတောင်မွှေးလာသေးတယ် ဟဲဟဲ ဒီနေ့တော့ လူဝီတစ်​ယောက် အဝစားပြီဟေ့"

အားလုံးက လူဝီပြောတာကိုကြည့်ပြီး ရီလို့နေသည်။
........
ဖွားမြတ်ရဲ့ ဟင်းတွေကိုအားရပါးရ စားနေတဲ့ မြေးနှစ်ယောက်ကို ကြည့်ပြီး ဖွားမြတ်တစ်ယောက် ပီတိများဖွာလို့နေသည်။

..................
ထမင်းစားသောက်ပြီး ကျန်တဲ့ ပန်းကန်တွေကို ဖွားမြတ်တစ်ယောက် သိမ်းဖို့လုပ်နေသည်။

"ဖွားမြတ်"

"အေးး"

"ထားခဲ့လိုက် ဖွားမြတ် သားတို့နှစ်ယောက်သိမ်းလိုက်မယ်"

"ထားပါ ဖွားမြတ်ပဲသိမ်းလိုက်မယ် သားတို့သာ သွားနားလိုက်တော့ ခရီးပန်းလာကြတာမို့လား ပြီးတော့ ဘယ်နားမှာ ဘယ်ပန်းကန်ထားရမလဲ ဆိုတာလဲ သားတို့မသိသေးဘူးလေ"

"ဖွားမြတ်ရယ် သားတို့ကြည့်ပြီးလုပ်လိုက်ပါ့မယ်
အဲ့တာသားတို့ကျွမ်းပါတယ် ပြီးတော့ ဖွားမြတ်က အသက်ကြီးပြီလေ အဲ့ကြောင့်နားတော့နော်"

"ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ဖွားမြတ်သွားနားတော့မယ်နော်"

"ဟုတ်ကဲ့"
..................
ဖွားမြတ်တစ်ယောက် အိပ်ခန်းထဲသို့ဝင်ပြီး ပစ္စည်းတစ်ခုကို ထုတ်ယူလို့နေသည်။

ဘူးလေးတစ်ဘူးး

ကြာလှပြီဖြစ်ပြီး သန့်ရှင်းရေး ခနခနလုပ်ထားပြီး
ဖုန်တစ်ဆက်မှမရှိတဲ့ ဘူးလေးတစ်ဘူးကို ယူပြီး
ဘူးလေးအဖုံးကို ဖွင့်လို့နေသည်။

ဘူးလေးထဲမှာ.........










You've reached the end of published parts.

⏰ Last updated: Jun 01, 2023 ⏰

Add this story to your Library to get notified about new parts!

Memory (အမှတ်တရ)Where stories live. Discover now