ထို့ကြောင့်

683 30 0
                                    

" ထို့ကြောင့် "
     GL
   ပထမပိုင်း

ကောင်းကင်တခွင် မိုးသားတိမ်ညိုတွေ ဖုံးလွှမ်းပြီး မြေပြင်ပေါ်သို့
မိုးရေစက်တွေက အငြိုးကြီးစွာ ရွာချလျက်ရှိသည်။ မိုးရာသီဝင်ခါစ ဆိုသော်လည်း မိုးလေဝသညွှန်ကြားချက်က ကြိုတင် ထုတ်ပြန်ထားခြင်းမရှိပါပဲ ရုတ်တရက် ရွာချလိုက်တဲ့ မိုး ကြောင့် ဈေးသည်တချို့ ပြေးလွှားသိမ်းဆဲနေရသည်။

ထို့အတူ ရန်ကုန်မြို့အတွင်း သွားလာလှုပ်ရှား နေကြ သော လူတချို့မှာလည်း ထီးအဆင်သင့်မပါလာသောကြောင့် မိုးမမိစေရန် ပြေးလွှား၍ အဆောက်ဦးအချို့ ရှေ့က တံစက်မြိတ်  အောက်တွင် မိုးခိုနေကြရသည်။

" တောက်! မိုးကေတာ့ကြာ ဒီနေ့တွက်ခြေမကိုက်အောင် လုပ်လိုက်ပြီ ဈေးရောင်း မကောင်းပါဘူးဆို နေ ဒီလိုသာမိုးချုပ်တဲ့အထိရွာနေရင် ဈေးဝယ်တွေလာမှာ မဟုတ်တော့ဘူး "

သစ်သီးဝလံတွေ ရောင်းချနေသော ဈေးသည်ဦးလေးကြီးက မိုးရွာနေတာကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ပြောကာ သစ်သီးတွေကို မိုးရေမထိစေရန် လိုက်လံဖုံးအုပ်နေသည်။

" မိန်းမရေ ကိုယ် မိုးခိုနေလို့ အိမ်ပြန်နောက်ကျမယ်နော် "
မိုးခိုနေသော အမျိုးသားတစ်ဦးက အိမ်မှာမျှော်နေဟန်ရှိတဲ့ သူ့မိန်းမဆီကို ဖုန်းဆက်ပြောနေသည်။

" ဂျိန်း...ဒလိန်း "ရုတ်တရက် မိုးခြိုန်းလိုက်သောကြောင့် လန့်ကာ ဖုန်းကို စက်အမြန်ပိတ်လိုက်သည်။

မိုးခြိန်းသံနဲ့အတူ မိုးရေစက်တွေကလည်း မြေပြင်ပေါ် အရှိန်ပြင်းစွာ
ကျရောက်နေဆဲဖြစ်သည်။ မိုးရာသီဟာ နေထိုင်လို့ ကောင်းသော ရာသီဥတု ဖြစ်သော်လည်း သွားလာလှုပ်ရှားနေသူတွေ အတွက်တော့ စိုထိုင်းထိုင်းဖြင့် သွားလာရခက်ခဲသော ရာသီဥတုပင်ဖြစ်သည်။

" ကျွတ်စ် "သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်တွေကို ကြည့်ကာ နိုရာ စိတ်ပျက်စွာဖြင့်ကျွတ်စ် သပ်လိုက်သည်။

ရှေ့တွင် တန်းစီ၍ ပိတ်နေသော ကားတန်းကြီးရဲ့ နောက်မှ ဖြည်းညှင်းစွာဖြင့် ကားကို ထိန်းမောင်းလာခဲ့ရသည်။ မိုးရေစက်တွေကြောင့် မြင်ကွင်းက သိပ်မရှင်းလင်းပါ။

ထို့ကြောင့်Where stories live. Discover now