ဒုတိယပိုင္း

316 19 0
                                    

" ထို့ကြောင့် "
GL
ဒုတိယပိုင်း

အလှပြင်မှန်တင်ခုံရှေ့တွင် ထိုင်၍ မိတ္ကပ္ကို ခပ်ပါးပါးလိမ်းခြယ်လိုက်သည်။ ပြီးနောက် ရွေးထုတ်ထားသော အကျီအရောင်နှင့် လိုက်ဖက်တဲ့ နှုတ်ခမ်းနီ အ ရောင်ကို ထုတ်ယူကာ နှုတ်ခမ်းထူထူလေးပေါ်သို့ ဆိုးလိုက်သည်။

မိတ်ကပ်လိမ်းခြယ်ပြင်ပြီးသောအခါ ကြိုထုတ်ထားတဲ့ ဂါဝန္ကို ယူဝတ်လိုက်သည်။ အဖြူရောင် ဂါဝန်လေးက လက်ရှည်ဆိုသော်လည်း ပေါင်လည်လောက်သာရှိပြီး အနည်းငယ်ရင်ဟိုက်သည်။

ရာသီဥတု မိုးအုံ့ပြီး နေရတာ ပူလောင်မနေသောကြောင့် ဆံပင်ကို စုမစည်း တော့ဘဲ ကျောပေါ်ဖြန့်ချထားလိုက်သည်။ ပြီးနောက် ၂လက်မခန့်အမြင့်ရှိသော အနက် ရောင်ကြိုးသိုင်း ဒေါက်ဖိနပ် လေးကို ယူကာ စီးလိုက်သည်။

အားလုံး ပြင်ဆင်ပြီးသောအခါ အခန်းအပြင်ကို ထွက်လာခဲ့သည်။

" သမီးနိုရာ အပြင်သွားမလို့လား "

အလှပြင်ဆင်ပြီးထွက်လာသော နိုရာကို ဧည့်ခန်းတွင် ထိုင်ပြီး စာဖတ်နေတဲ့ အဒေါ်ဖြစ်သူက မေးလေသည်။

" ဟုတ်...အပြင်ခဏသွားမလို့...အန်တီလေး ဘာမှာချင်လို့လဲ "

" မမှာတော့ပါဘူး သမီး အပြင်သွားမယ်မှန်းမသိလို့ သမီးကားကို သမီးအန်ကယ် ယူသွားတယ် သူ့ကားက ဝပ်ရှော့ပို့ထားလို့ မနက်ဖြန်မှရမယ်တဲ့လေ "

" ဟုတ္လား ဒါဆိုလည်း နိုရာ တက္ကစီနဲ့ပဲ သွားလိုက် တော့မယ် "

" အေးကွယ်...ခဏစောင့်ရင်စောင့်လိုက်ပါလား သမီးအန်ကယ် ပြန်လာမှ သွားချင်သွား လေ "

" နိုရာ မစောင့်တော့ဘူး အန္ကယ္က ကြာချင်ကြာမှာလေ "

" အေး..အေး ဒါဆိုလည်း ဂရုစိုက်သွားနော် "

" ဟုတ်...အန်တီလေး "

နိုရာ အိမ်ထဲက ထွက်လာခဲ့လိုက်ပြီး လမ်းမှာ တွေ့တဲ့ တက္ကစီကို ငှါးစီးလိုက်သည်။ နိုရာ ရဲ့ ဖေဖေနဲ့မေမေက တောင်ကြီးမြို့တွင် နေထိုင်ကြသည်။

ဖေဖေရဲ့ ညီဖြစ်တဲ့ အန်ကယ်တို့ လင်မယားက တော့ ရန်ကုန်တွင် စီးပွားရေးလုပ်ရင်း အခြေတကျဖြစ်နေတာကြောင့် မွေးရပ်မြေကို အလည်သာပြန်ကြတော့သည်။

ထို့ကြောင့်Where stories live. Discover now