" ထို့ကြောင့် "
GLတတိယပိုင်း(ဇာတ်သိမ်း)
ရုတ်တရက် ထင်မထားသော စကားကို ကြားလိုက်ရသဖြင့် နိုရာ အံဩမင်သက်သွားရသည်။ နွေ ကို တွေတွေ လေးစိုက်ကြည့်ရင်း အတွေးပေါင်းများစွာ တွေးပြီး ငြိမ်သက်နေမိပြန်သည်။
နိုရာ ဘဝမွာ မိန်းကလေးတစ် ယောက်ဆီက တွဲရအောင် ဟုသော စကားမျိုးတကြိမ်တခါမှ ပြောတာ မကြုံဖူးခဲ့ပါ။ အခုတော့ နိုရာ အရမ်းခင်မင်နေပြီဖြစ်သော နွေအရိပ် ဆိုတဲ့ မိန်းကလေးဆီက ပထမဆုံးအကြိမ် ကြားခဲ့ရပြီ။
တွဲရအောင် ဆိုသောစကားက လေးနက်မှုမရှိသလိုမျိုး ပေါ့ပေါ့ပျက်ပျက် ဖြစ်နေသည်။ သို့သော်လည်း နွေ မျက်ဝန်းအိမ်ထဲမှာတော့ နူးညံ့ပြီး တည်ငြိမ်လေးနက်မှုတွေ ရှိနေတာမြင်ရသည်။
နွေ မျက်ဝန်းအိမ်ရဲ့အကြည့်တွေအောက်မှာ စိတ်ညို့ခံထားရသူပမာ ငြိမ်သက် နေမိရင်း မိန်းက လေးချင်းမို့ မတွဲချင်ပါဘူးဟုလည်း နိုရာ ငြင်းဆန်ရန် ဆန္ဒမရှိ။
ငြိမ်သက်စွာ စဉ်းစားနေရင်း ပင့်သက်လေးသဲ့သဲ့ရှိုက်လိုက်ပြီး နွေ ကို တစ်ခုခုပြောရန် နှုတ်ခမ်းအလွှာကို ဖွင့်ဟလိုက်သည်။
ထိုအချိန် " တူ..တူ..တူ " နိုရာ ဖုန်းက အသံမြည်လာသည်။
နိုရာ လည်း ဖုန်းကို ကောက်ယူလိုက်ကာ" ဟဲလို အန်ကယ် "
" ..... "
" ရှင်...အန်တီလေး ဆေးရုံရောက်နေတယ် ဟုတ္လား ဟုတ်..ဟုတ်ကဲ့ နိုရာ အခုချက်ချင်းလာခဲ့မယ် "
နိုရာ ဖုန်းပြောနေတာကို ဘေးကကြည့်ရင်း နွေ စိတ်ပူသွားရသည်။
" နိုရာ အန်တီလေး ဘာဖြစ်လို့လဲ "
" မသိပါဘူး နွေရယ် အန်ကယ်ပြောတာတော့ စာဖတ်နေရင်း မူးလဲသွားတာလို့ပြောတယ် "
" ဟုတ္လား...ဒါဆို နွေ ဆေးရုံကိုလိုက်ပို့ပေးမယ် "
" အင်း...သွားရအောင်နော် နိုရာ အရမ်းစိတ်ပူနေပြီ "
" စိတ်မပူပါနဲ့ စိတ်ကိုငြိမ်အောင်ထားနော် နိုရာရဲ့ အန်တီလေးက အားနည်းလို့မူးလဲတာဖြစ်မှာပါ "