-1-

4.5K 206 16
                                    

" မင်းကိုငါသဘောကျတယ် ချွမ်ရွေ့....သူငယ်ချင်းလိုမဟုတ်ဘဲ ချစ်သူတစ်ယောက်လို"

" ဘာ!!!

ခွပ်! !"

မူကြိုကတည်းက တပူးပူးတတွဲတွဲ​ပေါင်းလာခဲ့သည့်သူငယ်ချင်းဖြစ်သူထံမှ ထိုစကားကိုကြားလိုက်ရစဥ်က ရစ်ခီမှာပူထူသွားရကာ ရှက်သည်ရော ၊ ဒေါသဖြစ်လာသည်ရောကြောင့် သူ့ကိုသေချာစိုက်ကြည့်၍ပြောလာသည့်သူငယ်ချင်းကောင်၏မျက်နှာတည့်တည့်ကို လက်သီးတစ်ချက်ကို ဒေါသတကြီးဖြင့် ပစ်သွင်းလိုက်ပါတော့သည် ။ ထိုအခါအငိုက်မိသွားသူထံမှ " အ!!! " ဟူသည့် နာနာကျင်နာကျင်အော်သံက ချက်ချင်းပင်ထွက်လာတော့ကာ ရစ်ခီမှာ ထိုအသံကြားမှပင် ပို၍ပင်လက်တို့ယားလာကာ ထိုးချင်လာရပြီး သူငယ်ချင်းအချင်းချင်းကြားမှာ ထားရှိသည့်သံယောဇဥ်စည်းကို ဖောက်လာခဲ့သည့်ကောင်အား ထပ်ကာထပ်ကာဖြင့် ဆင့်၍ထိုးလိုက်မိပါတော့သည် ။

" ခွပ်!!! ပါးစပ်ယားချင်ဦး "

" ခွပ်!!! သေချင်လို့ငါ့ကိုလာကြိုက်တာလား... ။ "

" ခွပ်!!! မင်းနှမကို ငါကြိုက်လိုက်လို့လက်စားချေမလို့ ကြံနေတာမလား.. ။ "

အပေါ်ကနေတက်ခွကာ တခွပ်ခွပ်နှင့် မညှာတမ်းထိုးလာသည့်တရုတ်ကောင်ကြောင့် ဂယူဘင်းသည်လည်း ရည်းစားစကားပြောလိုက်ရတာနှင့်မကာမိဘဲ ကွဲပြဲနေအောင်ပင် ထိုးခံလိုက်ရသည်မှာ မျက်နှာတစ်ခုလုံး ဖူးယောင်သွားရကာ နောက်တစ်ရက်မနက်ရောက်သည့်အချိန်တွင်တော့ ပါးစပ်ပင်ကောင်းကောင်းမဟနိုင်တော့သည့်အခြေအနေအထိ ရောက်သွားရပါတော့သည် ။

" ရော့ မျို... "

" အ! ငါမသောက်နိုင်ဘူး.. ။ "

ဂယူဘင်းမှာ သူ့ရှေ့တည့်တည့်သို့လာချပေးသည့် အငွေ့တထောင်းထောင်းနှင့်ဆန်ပြုတ်ပန်းကန်အား တစ်ချက်မျှသာဝေ့ကြည့်လိုက်ပြီး လာချပေးသည့်ကောင်အား မျက်နှာငယ်လေးဖြင့် မော့ကာကြည့်လိုက်ပါလျှင် ရှန်ချွမ်ရွေ့က သူ့ကိုမကျေမနပ်ဟန်နှင့် မျက်စောင်းခဲပါလေ၏ ။ မူကြိုစပြီးတက်ရ​ပါပြီဆိုကတည်းက အတူသွားအတူလာနှင့် စိတ်တူကိုယ်တူဖြစ်ခဲ့ကြကာ တက္ကသိုလ်ရောက်သည့်အချိန်အထိ နှစ်ယောက်လုံးအတွက် အဆင်ပြေမည့်မေဂျာတူကိုသာယူခဲ့ကြပြီး လေး​ယောက်နေရမည့်အဆောင်ခန်းတွင်လည်း နှစ်ယောက်တည်းသာနေခဲ့ကြသည်အထိ ကို သူတို့၏သံယောဇဥ်က ကြီးမားခဲ့သည်ဟု ထင်ရသော်လည်း ဤသည်မှာရစ်ခီရှန်၏ဘက်ကအမြင်သာဖြစ်ပြီး ဂယူဘင်းဘက်ကတော့ ရင်ခုန်တတ်စအရွယ်ကတည်းက ရှန်ချွမ်ရွေ့ဆိုသည့်သူငယ်ချင်းတရုတ်ကောင်အား အရိပ်တကြည့်ကြည့်နှင့် တိတ်တခိုးချစ်နေခဲ့သည်မှာ အခုလိုရစ်ခီ့ဘက်က သူ့ညီမဖြစ်သူကို ဖွင့်ပြောကာ တွဲတော့မည်ဟုဆိုလာသည့်အချိန်ရောက်မှသာ လျှင် ကျွံကျနေနှင့်ခဲ့ပြီးဖြစ်သည့် သူ၏ခံစားချက်များကို တရုတ်ကောင်ထံတွင် ပူထူစွာနှင့်ဝန်ခံမိခဲ့ခြင်းပင် ။ ဤသည်မှာ ဂယူဘင်း၏ ပထမဆုံးအကြိမ် လူတစ်ယောက်အား သူ့ဘက်ကစ၍ဖွင့်ပြောမိခြင်းဖြစ်ပြီး ထိုကဲ့သို့ဖွင့်ပြောလိုက်မိခြင်း၏အကျိုးဆက်ကတော့ ချစ်ရသူတရုတ်ကောင်၏ကျေးဇူးနှင့် သူမုန်းတီးလှပါသည်ဆိုသော ဆန်ပြုတ်ဖြင့် တစ်ပတ်လောက်နှစ်ပါးသွားလိုက်ရကာ တရုတ်ကောင်ထံမှလည်း တစ်ပတ်လုံးလုံး ထိုအကြောင်းအားပြန်၍သတိရတိုင်း ထထဆဲသည်ကိုလည်း မရှုမလှနှင့်ခံလိိုက်ရပါတော့၏ ။

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now