Recommend Song- Until You by Shanye Ward
" ရစ်ခီ ရစ်ခီ ဒါလေးထည့်ပါဦး.. ။ "
" ဟေ့ကောင် အဲ့တာလည်းထည့်လိုက် "
" ဟိုဘူးရော ယူလိုက်ဦး.. "
" မင်းလက်ဘေးက အသည်းပုံထုတ်လေးရော.. "
ဂယူဘင်းမှာ မားကတ်ထဲတွင် cartအား ရင်ဘတ်နှင့်ထောက်ကာမှီတွယ်ထားရင်းမှ မုန့်တန်းထဲတွင် မုန့်များရွေးနေသည့်ရစ်ခီ့အား လက်ညှိုးတထိုးထိုးဖြင့် တစ်ခုပြီးတစ်ခုခိုင်းလာပါလျှင် ရစ်ခီရှန်၏မျက်နှာက မှုန်သုန်လာပါတော့၏ ။
" ကျစ် .. ကင်မ်ဂယူဘင်း မင်းမှာ လက်မပါဘူးလား ။ ကိုယ့်ဟာကိုယ်သွားပြီးယူလေ "
" မသွားချင်လို့ပေါ့ဟ.. ယူပေးစမ်းပါ ။ "
ဂယူဘင်းပြောလိုက်လျှင်ပဲ ရစ်ခီက သူ့လက်ထဲတွင် ကိုင်ထားပြီးဖြစ်သည့် ဂျယ်လီထုတ်အား နေရာတွင်ပြန်၍တင်လိုက်ပြီးမှ ဂယူဘင်းဘက်သို့ပြန်လှည့်လာကာ ခါးတစ်ဖက်ထောက်၍ လက်ညိုးကြီးထိုးကာဖြင့် ဆိုလာပါတော့သည် ။
" ဒီမှာ ကင်မ်ဂယူဘင်း ငါကမင်းရဲ့ရည်းစားမဟုတ်ဘူး.. ။အဲ့တာကြောင့် တစ်ခုပြီးတစ်ခုလာခိုင်းမနေနဲ့ .. မလုပ်ပေးနိုင်ဘူး ။ စားချင်တာ ကိုယ့်ဟာကိုယ်လာယူ "
" ငါကမင်းကိုရည်းစားလုပ်ခိုင်းပါတယ် မင်းကမှမလုပ်ချင်တာ..."
" ဂယူဘင်း စကားကိုလွယ်လွယ်မပြောစမ်းနဲ့...။ "
" ဘာလဲ ဒါဆိုငါက ကိုကိုရစ်ခီရှန်ခင်ဗျ .. ကျွန်တော်မျိုးနဲ့ လာရောက်တွဲခုတ်ပေးဖို့အတွက် တောင်းဆိုပါတယ်လို့ ခက်ခက်ခဲခဲနဲ့ပြောပေးရမှာလား.. ။ "
" အေး အဲ့လို-"
" အဲ့လိုပြောမယ်ထင်လို့လား ဆုတောင်းလေ ဟားဟား.. "
ရစ်ခီမှာ သူ့စကားဆုံးသည်နှင့် ဂယူဘင်းဘက်ကလည်း အတည်အတံ့ပြောလာခဲ့သည်ထင်၍ "အဲ့လိုပြောရင်တွဲမှာပေါ့ " ဟုပြောရန် ပြင်လိုက်ပါသော်လည်း သူ့စကားကိုပင်အဆုံးထိနားမထောင်ဘဲ တဟဲဟဲနှင့် စနောက်လာခဲ့သည့်ဂယူဘင်းကြောင့် ရစ်ခီ့၏ ကင်မ်ဂယူဘင်းဆိုသည့်ကောင်အပေါ် ကျန်ရှိနေသေးသည့် အကောင်းမြင်စိတ်ပိစိလေးသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားရတော့ကာ လက်ထဲမှ တပွေ့တပိုက်နှင့် ကိုင်ထားသည့်မုန့်ထုတ်များကို သကောင့်သားကိုင်ထားသည့်cartထဲသို့ ဝုန်းခနဲပင် ပစ်ချပေးလိုက်ပါတော့သည် ။
YOU ARE READING
𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]
FanficRicky Shen X Kim GyuVin Start Date-31/5/23 End Date- 29/7/23