-8-

1.2K 176 50
                                    

" အိုမား ဒါကူသယ်ပေးမယ်နော်.. ။ "

" အိုမား ကျွန်တော်ဒါလေးကို ဂိုထောင်ထဲ သွားထည့်လိုက်ပြီနော် .. ။ "

" ဝါး အိုမားရဲ့ကင်မ်ချီက တကယ်ကောင်းတာပဲ .. ။ ကျွန်တော်စားဖူးသမျှထဲမှာ အိုမားရဲ့လက်ရာကို မှီတဲ့သူကိုရှိမှာမဟုတ်လောက်ဘူး ... ။ "

ဂယူဘင်းမှာ အခန်းထဲတွင်ဝင်၍နေနေသော်လည်း အိမ်အောက်ထပ်ဆီမှ ရစ်ခီရှန်၏ အိုမားချင်းထပ်အောင်ခေါ်ပြီး အိုမားအားမြှောက်ပင့်နေသည့် စကားများကို အတိုင်းသားကြားနေရပြီး သူ့ဘက်က မကြားချင်ယောင်ဆောင်၍လျစ်လျူရှုထားပါသည့်တိုင်အောင် အဆက်မပြတ်ကြားနေရသည့်အခါတွင်တော့ ဂယူဘင်းမှာ လေပူတစ်ချက်ကိုမှုတ်ထုတ်၍  သူတို့အိမ်တစ်အိမ်လုံးကို ဟိုကောင်ဗြောင်းဆန်အောင် မွှေမသွားနိုင်စေရန်အတွက် အချိန်မီပင် ဆင်းလာရပါတော့သည် ။

" ဒါ ဘာတွေလုပ်နေကြတာလဲ... ။ "

" ဂယူဘင်းလာပြီလား .. ငါတို့ကင်မ်ချီလုပ်မလို့လေ ။ "

သူဆင်းလာသည်ကိုမြင်လျှင်ပဲ မနေ့တုန်းက နှစ်ယောက်သားအကြားတွင် ဘာမှမဖြစ်ထားသည့်အလားပင် ပြုံးရယ်ကာဖြင့် နှုတ်ဆက်လာသည့်ရစ်ခီ့ကြောင့် ဂယူဘင်းက သကောင့်သားအား မကျေမနပ်ဖြင့်မျက်စောင်းတစ်ချက်လှမ်း၍ထိုးလိုက်မိပါတော့သည် ။

" ဒါနဲ့ မင်းကဘာလုပ်မယ် ??? "

သို့ပေသည့် ဂယူဘင်းမှာ သူ့အိမ်မှာဆိုလျှင် ပန်းကန်ပင်တစ်ချပ်မဆေးရသူဆီမှ ထူးထူးဆန်းဆန်းစကားအားကြားရသည့်အခါတွင်တော့ နံရံကိုမှီရပ်မည့်ကျောကမတ်သွားရကာ မျက်လုံးများပြူးကျယ်စွာဖြင့် ထပ်မေးလိုက်လျှင်ပဲ အိုမားဘေးက ခုံပုလေးတွင်ထိုင်ချလိုက်သူက ဂယူဘင်းအား ပြန်၍မော့ကြည့်လာပြီး

" ကင်မ်ချီလေ မင်းမလုပ်ဖူးဘူးလား .. ။ ဝါး ကင်မ်ဂယူဘင်းကမင်းက အလိုက်မသိတဲ့သားဆိုးပဲ အိုမားဒီလောက်အများကြီးလုပ်နေကျကို တ​စ်ခါမှမကူဖူးဘူးပေါ့လေ ဟုတ်လား...

ဝါး ငါတို့အိုမားတော့ တကယ်ကြီးပင်ပန်းနေတော့မှာပဲ .. ။ အိုမားကျွန်တော်တော်တယ်မဟုတ်လား... ။ အိုမားကိုကူပေးတယ်နော် "

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now