Part 5

2K 92 3
                                    

Part 5

     မင်းမာန်ဖုန်းကိုင်လိုက်တာနဲ့ မထင်မှတ်ပဲ
ဦးဆီက စာဝင်နေတာကိုတွေ့ရသည်။

တောင်းပန်ပါတယ်

  " ဒါပဲလား ဦးပို့တဲ့စာက "

  မီးကစိမ်းမနေတာကြောင့် ဦးလိုင်းဆင်းသွားပြီဖြစ်သည်။
ဖုန်းဆက်ချင်ပေမဲ့ ဦးဖုန်းနံပတ်ကို ကျွန်တော်မတောင်းရသေးဘူးဖြစ်သည်။

  " အိပ်ပြီလား My Son "

   ဦးမင်းခန့် တံခါးခေါက်ပြီးဝင်ကာ
သားဖြစ်သူကိုမေးလိုက်သည်။

" အိပ်တော့မလို့ အဖေဘာခိုင်းမလို့လဲ "

" သားဆိုင်ဖွင့်တာ အဆင်ပြေရဲ့လား သိချင်လို့ပါ
အဖေကုမ္ပဏီမှာတော့ ဝင်မလုပ်ဘူး
ဒီအဖေနဲ့ဒီသား နှစ်ယောက်တည်းရှီတာကိုး "

  မေမေကကျွန်တော်မွေးပြီး ၅နှစ်အကြာမှာဆုံးသွားတာဖြစ်သည်။ အဖေက အဲ့ကတည်းက နောက်အိမ်ထောင်မပြုပဲ
ကျွန်တော်ကိုပဲချစ်ပြီး ကျွန်တော်ကိုပဲ စောင့်ရှောက်လာတာဖြစ်သည်။

" သားဆိုင်ဖွင့်တာ အဆင်ပြေပါတယ်အဖေ "

" ကောင်းပါပြီ အဖေပြောလည်းရမှာမှမဟုတ်တာ
တစ်ဦးတည်းသော သားမို့လို့အဖေကုမ္ပဏီကို
ဆက်ခံစေချင်တာကိုး ဒီပုံစံအတိုင်းဆို နောက်မိန်းမယူပြီးသားထပ်မွေးမှဖြစ်တော့မယ် "

  မင်းမာန်ပြုံးသွားကာ ထောက်ခံလိုက်သည်။

" ကောင်းတာပေါ့အဖေ မြန်မြန်ယူလိုက်တော့
ဒါမှ ဧကရာဇ်ကုမ္ပဏီရဲ့ ဆက်ခံသူရမှာ "

" ဘာ ဒီကောင်လေး "

  အဖေက ကျွန်တော်ကို ကလိလာထိုးသည်။

" ဟားဟား အဖေကလည်းကလေးကျနေတာပဲ "

" ဒီကောင်လေးတော့ မင်းကငါအတွက်တော့ကလေးပဲ "

  ၄၃နှစ်သာရှီသေးတဲ့အဖေကို မင်းမာန်
လက်တွဲဖော်ထပ်ရှာစေချင်တာအမှန်ဖြစ်သည်။
အဖေကိုတကယ့်ချစ်ပြီး မေတ္တာမှန်တဲ့သူနဲ့ ဆုံစေချင်သည်။

  ⛪

    ပါးပေါ်ကအထိအတွေ့ကြောင့်
နှိုင်းမခနိုးလာသည်။

အချစ်နှောင်ကြိုးWhere stories live. Discover now