Part 16

1.6K 68 6
                                    

Part 16

     ခွပ်!

  ရုတ်တရက်ထိုးခံလိုက်ရတာကြောင့်
သက်တန့် ကြမ်းပြင်ပေါ် လဲကျသွားသည်။

" အစ်ကို! "

" မင်း ကိုကိုလာတဲ့နေ့က ဘာလုပ်လိုက်တာလဲ "

  သက်တန့်နှုတ်ခမ်းက သွေးစကိုသုတ်လျက်
ထရပ်လိုက်သည်။ ပြီးတော့ပြုံးလိုက်သည်။

" မင်း. .မင်းပြုံးလိုက်တာလား "

"  အစ်ကိုဒီလောက်ဒေါသကြီးပုံထောက်တော့
ဟိုလူကြီး အစ်ကို့ကို လက်မခံတော့ဘူးမှတ်လား "

" မင်း..."

" ဟိုလူကြီး အစ်ကို့ကို အစကတည်းကမချစ်ဘူး
အဲ့ဒါကြောင့် အစ်ကို့ကို သည်းမခံနိုင်တာပေါ့ "

" မင်းလုပ်ရက်ကကော သည်းခံနိုင်စရာအကြောင်းရှီလို့လား "

  သက်တန့်  ရတုနားလျှောက်လာကာ
ရတုလက်ကိုကိုင်လိုက်သည်။

" လွှတ်! "

  ရတုစိတ်တိုကာ ထပ်ထိုးလိုက်သည်။

" ထိုးဦးမလား...ထပ်ထိုးလေ အစ်ကို! "

  သက်တန့်ရှေ့တိုးလာကာ အစ်ကို့ကို ဆွဲဖက်လိုက်သည်။

" မင်း....လွှတ် "

  အတင်းရုန်းနေတဲ့အစ်ကို့ကို သက်တန့် တင်းကျပ်စွာ
ဖက်ထားလိုက်သည်။

" အစ်ကို့ကိုချစ်တယ် ကျွန်တော်တို့လက်ထပ်ရအောင် "

" မင်းရူးနေလား လွှတ် "

  ရတုအတင်းတွန်းလွှတ်လိုက်တော့ သက်တန့်ကြမ်းပြင်ပေါ်
ဖင်ထိုင်လဲကျသွားသည်။

"  အစ်ကို့ကိုအရမ်းချစ်တဲ့ ကျွန်တော်ကို
ဘာကြောင့် မမြင်ရတာလဲ အစ်ကို
ကျွန်တော်အချစ်ကို အေးဆေးလက်ခံနော်
မဟုတ်ရင် ကျွန်တော်ဘာလုပ်မိမလဲမသိဘူး "

" ဘာ!  "

  ရတုအံသြမိသည်။ သူဘယ်လိုလူမျိုးကို
သွားပတ်သက်မိပါလိမ့် သက်တန့်က သူရုပ်ရည်နဲ့မလိုက်
ကြောက်စရာကောင်းလွန်းသည်။

" မင်းကိုမုန်းတယ် ငါနဲ့ဝေးဝေးနေပါ "

  သက်တန့်ထရပ်ကာ အစ်ကို့ကိုပွေ့ချီလိုက်သည်။

အချစ်နှောင်ကြိုးWhere stories live. Discover now