Chapter 11

12.6K 511 21
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 11

21.9.20.. S & S Wedding Day....။

သူနဲ့သူမရဲ့လက်ထပ်ပွဲကို ကိုနေရဲ့ Hotel နေလက်ရာမှာပဲ ကျင်းပဖြစ်သည်။ကိုနေ Hotel ကကိုယ့်ရဲ့အသိမိတ်ဆွေပိုင်တဲ့ နေရာဖြစ်သလို နေလက်ရာ Hotel ကလည်း ကမ္ဘာအဆင့်မှီတဲ့နေရာမို့ ခန်းမအပြင်မဆင်ကတော့တကယ်စိတ်တိုင်းကျရသည်။ကိုနေကတော့ လက်ထပ်ပွဲရက်နဲ့ သူပြင်သစ်သွားမဲ့ရက်ကတိုက်နေတာမို့ မလာဖြစ်ကြောင်းပြောပြီး လက်ဖွဲ့ကိုလည်း ကြိုက်ရတောင်းခိုင်းတာနဲ့ Hotel ခန်းမငှားတာကိုသာ လက်ဖွဲ့တောင်းလိုက်သည်။

ခမ်းမထဲလှမ်းဝင်လိုက်တာနဲ့ ဘေးတစ်ဖက်ဆီမှာ သူနဲ့သူမ Prewedding တုန်းကရိုက်ထားတဲ့ ဓာတ်ပုံတွေထားတာပြီး အသေးစိတ်ကအစ အကုန်အလှအပပုံဖော်ပေးထားသည်။ခမ်းမတစ်လုံးကိုပြင်ဆင်ဖို့သုံးထားတဲ့အရောင်က အဖြူရောင်တစ်ခုထဲသာဖြစ်သည်။

မိတ်ကပ်ပြင်တာကြ သူစေရာနေတဲ့အခန်းက အထူးခန်းဆိုတော့ကျယ်လည်းကျယ်တာကြောင့် သူ့အခန်းမှာပဲနှစ်ယောက်လုံးကိုပြင်ဆင်ပေးကြသည်။မနက်အစောကြီးကတည်းကထပြင်နေတာမို့ ဆောင်းကပြီးသးပင်မဲ့ တစ်ယောက်သောသူနဲ့ပြင်ဆင်နေတဲ့ မာမီတွေကတော့....

"ခင်များတို့သွားလို့ရပြီ ကျူပ်ပါသာပြင်မယ် မိတ်ကပ်တော့လာလိမ်းမပေးနဲ့ မကြိုက်ဘူး !"

တကယ်တော့ မိတ်ကပ်မျက်နာပေါ်ကိုတင်မှာထက် အစိုမဟုတ်အခြောက်မဟုတ်ကောင်တွေရဲ့ အထိအတွေ့ကိုမခံချင်တာ။ယောကျာင်းတွေအတူတူပဲကို ဟိုကိုင်ဒီကိုင်ကို မကြိုက်တာကြောင့် မနက်ကတည်းကရှောင်နေတာ အခု 8နာရီခွဲတော့မည်။

"သတို့သမီးတောင်ပြီးနေပြီ မောင်လေးရယ် လာပါ မိတ်ကပ်နည်းနည်းရိုက်ပြီး အဝတ်လဲလိုက်"

နက်ပြာရောင်ကိုယ်ကျပ်အင်္ကျီ နဲ့ ညဝတ်ပိုးသားနက်ပြာရောင် ဘောင်းဘီတွဲဝတ်ထားတဲ့သူ့ကိုကြည့်ကာပြောတော့ သူအထိမခံပဲဒေါသကထွက်လာတာမို့ မျက်နာကအလိုမကျချင်တော့။

"ကဲ သူ့စေရာရှင်ကတော့လေ ! လာကျွန်မလိမ်းပေးမယ် မိတ်ကပ်မလိမ်းချင်ရင် တိုနာလောက်တော့လိမ်းစမ်းပါ!"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Opowieści tętniące życiem. Odkryj je teraz